မြစ်ကြီးနားဆန္ဒပြပွဲ

March 8, 2021

မြစ်ကြီးနားဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွင်းမှုကြောင့် အမျိုးသား ၂ ဦး သေဆုံး၊ အများအပြား ဖမ်းဆီးခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်မှာ ဆန္ဒပြသူတွေကို မတ် ၈ ရက်နေ့ နေ့လယ် ၁ နာရီလောက် ရဲတပ်ဖွဲ့နဲ့စစ်တပ်က သေနတ်နဲ့ပစ်တဲ့အတွက် ခေါင်းကိုကျည်ဆန် ထိမှန်ပြီး အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဒီနေ့မနက် ၉ နာရီခန့်က စတင်ပြီး ပစ်ခတ်ခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ယောက်လည်း လက်မောင်းကို ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ အများအပြား ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။

ဒီနေ့မနက်ဆန္ဒမပြခင်မှာ ဆိုင်ကယ်စီးနေတဲ့ လူငယ်တွေကိုလည်း ရဲကား၊ စစ်ကားတွေနဲ့ လိုက်တိုက်တာတွေ ပြုလုပ်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

9 months Ago
Up