မြစ်ကြီးနား

May 15, 2022

မြစ်ကြီးနားတွင် စစ်ကောင်စီလက်ထက် ဆိုင်းဘုတ်ထောင် လောင်းကစားရုံဖွင့်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အနောက်လယ်ကုန်းရပ်ကွက် နယ်မြေ ၁၄ ရဲ့ နယ်မြေမှူးအိမ်အနီး ကိုက် ၂၀၀ လောက်အကွာမှာ Happy World အမည်နဲ့ ဆိုင်းဘုတ်ထောင်ကာ လောင်းကစားရုံတခု ဖွင့်လှစ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကာလ ၂၀၂၂ ခုနှစ် မတ်လကစပြီး   Happy World ဆိုင်းဘုတ်ထောင်ကာ မနက် ၁၀ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ထားတာလို့ လယ်ကုန်းရပ်ကွက်နေသူ အမည်မဖော်လိုသူ အမျိုးသမီးတဦးက ပြောပါတယ်။

"အသံတွေတော့ တနေကုန်အရမ်းဆူညံတယ်၊ တချို့ကြတော့ အလုပ်ကိုမလုပ်ကြတော့ဘူး။ ရပ်ကွက်ထဲက မိန်းမတွေကအစ လေးကောင်ဂျင်သွားထိုးနေတာတွေ့တယ်။ နေရတာ အဆင်ကတော့ မပြေဘူး၊ ရင်တထိတ်ထိတ်နဲ့ နေနေရတာ လောင်းကစားဆိုတော့ မူးရူးနေကြတဲ့ သူတွေလည်း တွေ့တယ်” လို့ လောင်းကစားရုံအနီးမှာနေထိုင်သူတဦးက ပြောပါတယ်။

“Happy World မှ ကြိုဆိုပါ၏” ဆိုပြီး ဆိုင်းဘုတ်ထောင်ကာ ခြံဝင်းထဲမှာ ဆိုင်ကယ်အပ်နှံဖို့နေရာရှိပြီး မိုးကာတဲတခုအတွင်းမှာ ခြောက်ကောင်ဂျင်၊ လေးကောင်ဂျင်၊ ငါးမန်းဂိမ်း ဒေသအခေါ်  ဖိုက်ကြူး (တရုတ်ဖဲဝိုင်း) တွေ မြင်တွေ့ခဲ့ရပြီး ရဲတွေကို လိုင်းကြေးပေးဆောင်ရွက်နေတာ။”

ဒေသခံတယောက်က "ဒီလိုလောင်းကစားရုံတွေက ရပ်ကွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေကို လိုင်ကြေးပေးပြီး လုပ်နေကြတာ၊ အကုန်လုံး ဝေစားမျှစား လုပ်နေကြတာပဲလေ။ မြစ်ကြီးနားတင်မဟုတ်ဘူး ဖားကန့်မှာလည်း အဲ့လိုပဲ လက်နက်ကိုင်တပ်ဖွဲ့လည်း ပေးရတာပဲ၊ အကုန်ပေးရတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် Happy World နဲ့ မလှမ်းမကမ်းမှာ ကြက်တိုက်ဝိုင်းလည်းရှိတယ်လို့ ရပ်ကွက် နေထိုင်သူတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ စစ်ကောင်စီအာဏာသိမ်းတဲ့အချိန်ကစပြီး တစ်နှစ်ကျော်ကာလအတွင်း လောင်းကစားဝိုင်းအချို့ ဆိုင်ဘုတ်ထောင်ဖွင့်လှစ်တာ၊ မူးယစ်ဆေးဝါးတွေ လမ်းတွေမှာ ပြောင်ကျကျရောင်းချတာတွေအထိ လုပ်ကိုင်နေကြကာ အရေးယူတာမျိုးလည်း လုံးဝမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

မြစ်ကြီးနားမြို့အတွင်းက တပ်ကုန်းရပ်ကွက် ကြာရာပတ္တီးနယ်မြေမှာလည်း ကျေးလက်ကမ္ဘာ အမည်ရှိ လောင်းကစားဝိုင်းတခုရှိပြီး စစ်တပ်အာဏာမသိမ်းခင်က ထွေအုပ်၊ ရဲနဲ့ တာဝန်ရှိ အခြားအဖွဲ့အစည်းတွေက  ဝင်ရောက်စစ်ဆေးခဲ့ရာ လောင်းကစားပစ္စည်းတွေနဲ့ လောင်းကစားသူတွေကို မတွေ့ရှိရဘူးလို့ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

3 days Ago

April 26, 2022

မြစ်ကြီးနားမြို့ အောင်မြင်သာအပန်းဖြေစခန်းက ဈေးဆိုင်များ မီးလောင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်မြင်သာ အပန်းဖြေစခန်းမှာ ဧပြီ ၂၆ မနက်ပိုင်းက စျေးဆိုင်ခန်းတဲတွေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွကေ စျေးဆိုင် သုံးဆိုင်က အပန်းဖြေတဲပေါင်း ၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ စျေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

မီးလောင်ခံခဲ့ရတဲ့ ဈေးဆိုင်ပိုင်ရှင်တဦးက “မနက် ၄ နာရီလောက်က စလောင်တာ။ ဈေးဆိုင် ၃ ဆိုင်ရဲ့ အပန်းဖြေတဲ ၂၀ ကျော် မီးထဲပါသွားတယ်။ ချက်ပြုတ်တဲ့ မီးဖိုချောင်တခုလည်း ပါသွားတယ်။  ထိုင်တဲ့စားပွဲခုံတွေလည်း မီးထဲပါသွားတယ်။ ရွာက လူတွေ ဝိုင်းငြိမ်းသတ်ကြတယ်။  အဲဒီအချိန် လေတိုက်တာများ နေတဲ့အတွက် အဲဒီလောက်ကို လောင်သွားတာ” လို့ ပြောပါတယ်။

မီးလောင်ဆုံးရှုံးခဲ့တဲ့ အပန်းဖြေတဲတွေဟာ ကာလတန်ကြေး ၁ သိန်းခွဲဝန်းကျင်လောက် ရှိတယ်လို့ လည်း သိရပါတယ်။

အောင်မြင်သာကျေးရွာ စျေးဆိုင်တွေ မီးလောင်တာ နဲ့ပတ်သက်ပြီး မီးလောင်ရတဲ့ အကြောင်းအရင်းကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့လည်း ကျေးရွာဒေသခံတဦးက ပြောပါတယ်။

"မနက် ၄ နာရီဆိုတော့ အတော်များများ အိပ်နေတဲ့အချိန်လောင်တာ။ ဘာကြောင့်လောင်လဲ ဆိုတာကတော့ ကျေးရွာက လူတွေ ဆက်လက် စုံစမ်းနေတယ်။"

အောင်မြင်သာအပန်းဖြေစခန်းဟာ မြစ်ဆုံစီမံကိန်းကြောင့် မြစ်ဆုံဒေသက ပြည်သူတွေ ပြောင်းရွှေ့နေထိုင်ကြကာ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ တိုက်နယ် စံပြကျေးရွာတခုဖြစ်ပါတယ်။

3 weeks Ago
More News
Up