မြင်းမူလျှပ်စီးပြောက်ကျား

September 25, 2021

စစ်ကောင်စီဝန်ထမ်းများနုတ်ထွက်ရန် မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ နောက်ဆုံးအကြိမ်သတိပေး

မြင်းမူမြို့နယ် ဌာနအသီးသီးက ဝန်ထမ်းတွေ အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားများ လည်ပတ်ဖို့ ဒေါက်တိုင်အဖြစ် လုပ်ဆောင်ပေးနေတာတွေကို စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား ရပ်တန့်ကြဖို့ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့က သတိပေးလိုက်ပါတယ်။

စစ်ကောင်စီလက်အောက် လက်ရှိတာဝန်ထမ်းနေသူ ပြည်သူ့ဝန်ထမ်းဟု အမည်ခံထားတဲ့ မည်သူမဆို ပါဝင်ပြီး မလိုက်နာဘဲ ပျက်ကွက်ခဲ့ပါက အကြမ်းဖက်စစ်ကောင်စီကို တော်လှန် ချေမှုန်းသလို တပါတည်း အမြစ်ဖြုတ် သုတ်သင်ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။

မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ရဲ့ သတိပေးစာအား ဌာနအသီးသီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝန်ထမ်းအားလုံး မပျက်မကွက် လိုက်နာကြဖို့ နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးလိုက်တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ဟာ ပြည်သူနဲ့အတူ အာဏာရှင်ကို အမြစ်ဖြုတ်မှာဖြစ်ပြီး စစ်ကောင်စီထောက်တိုင် ဒလန်မှန်သမျှကိုလည်း သုတ်သင်သွားမယ်လို့ အသိပေးထားပါတယ်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား နုတ်ထွက်ကြဖို့ စက်တင်ဘာ ၂၄ ရက်မှာ သတိပေးထားပါတယ်။

1 year Ago
Up