မြင်းစီးပြိုင်ပွဲ

January 4, 2020

လွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုက်ကြီးတွင် မြင်းစီးပြိုင်ပွဲ ကျင်းပ

၇၂ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၄ ရက်နေ့က တိုက်ကြီးမြို့နယ် အိုးတန်းရပ်ကွက်မှာ နေ့လယ်ပိုင်းက မြင်းစီးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြင်းပြိုင်ပွဲမှာ အဖျောက်၊ တိုက်ကြီး၊ သာယာဝတီနဲ့ ဥက္ကံမြို့က မြင်းမွေးမြူ ရေးသမားတွေက မြင်းအကောင် ၃၀ လောက်နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ မြင်းစီးပြိုင်ပွဲကျင်းပရေး ကော်မတီ ဦးယုလိူင်စိုးက "ကျနော်အဖေက မြင်းစီးကောင်းသမားတယောက်ဖြစ်ခဲ့တဲ့အတွက် မိဘအမွေအနှစ်ကို ပြန်ဖော်ချင်တာရယ်၊ အခုလို မြင်းပြိုင်ပွဲတွေ နှစ်စဉ်ကျင်းပပေးနိုင်ရင် ဂျော်ကီကောင်းတွေနဲ့ မြင်းကောင်းတွေထွက်ပေါ်လာမှာ ပါ။ ပြိုင်ပွဲအနေနဲ့ ဒုန်းပြိုင်ပွဲနဲ့ အချောပြိုင်ပွဲတွေ ယှဉ်ပြိုင်သွားမယ်။ ပထမဆု၊ ဒုတိယာဆုနဲ့ တတိယဆုတွေပေးသွားမှာပါ" လို့ ပြောပါတယ်။ မြင်းပြိုင်ပွဲမှာ ကိုယ်ပိုင်မြင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သူ ကိုအောင်ဇင်ထိုက်က “မြင်းစီးတာကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာပါ။ မိဘတွေကင ယ်သေးတော့ ဝယ်မပေးခဲ့ဘူး။ အခုမြင်းစီးတာဆို  ၃၊၄ နှစ်ရှိပြီ။ တိုက်ကြီးမှာ မြင်းပြိုင်ပွဲတွေ မရှိတော့ မပြိုင်ဖြစ်ခဲ့ဘူး။ အခုပထမဆုံးအကြိမ် ဝင်ပြိုင်တာ။ မြင်းစီးဂျော်ကီကောင်းတယောက်ဖြစ်ချင်တယ်။ အဲအတွက်လည်း ကြိုးစားသွားမယ်"လို့ပြောပါတယ်။ တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့တွေမှာ ၇၂ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် မာရသွန်ပြိုင်ပွဲတွေ၊ ကဗျာရွတ်ဆိုင်ပြိုင်ပွဲနဲ့ပ ကျေးရွာအလိုက် အားကစားပြိုင်ပွဲတွေ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။  မေသွယ်
2 years Ago
Up