မြင်းခြံ မြန်မာနိုင်ငံသားများဘဏ်

May 28, 2021

မြင်းခြံ မြန်မာနိုင်ငံသားများဘဏ်ရှေ့ ဗုံးကွဲ၊ အရပ်သား ၁ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ မြန်မာနိုင်ငံသားများဘဏ်ရှေ့မှာ  မေ ၂၇ ရက်က ဗုံးပေါက်ကွဲ​ပြီး အမျိုးသားတစ်ယောက်  မျက်နှာ(ဦးခေါင်းပိုင်း)မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံသားများဘဏ်ဟာ မြင်းခြံမှာတော့ ဘဏ်လုပ်ငန်းပုံမှန်လုပ်နေတဲ့ ဘဏ်တစ်ခုဖြစ်ပြီး ဗုံးခွဲမှုကို ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံ တစ်ဦးကပြောပါတယ်။

မြင်းခြံမှာ တလုပ်မြို့ အရေးအခင်းအပြီး စစ်ကောင်စီက အစစ်အဆေးတွေ တင်းကျပ်ထားတဲ့ကြားက ဗုံးပေါက်ကွဲမှုတွေဆက်တိုက် ရှိနေတာဖြစ်ပါတယ်။

6 months Ago
Up