မြင်းခြံမြို့

September 26, 2021

မြင်းခြံမြို့ ၌ ဗုံးကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ စွန်းလွန်းတံတားအနီးမှာ စက်တင်ဘာ ၂၆ ရက် ဒီနေ့ မနက်ပိုင်းက ဗုံး ၁ လုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံမြို့သားတဦးက ''မြို့ပတ်လှည့်နေတဲ့ စစ်သားတွေ အနားရောက်မှ ပေါက်တာတဲ့ ၃ ယောက် သေပြီး ၂ ယောက်ဒဏ်ရာရတယ်လို့တော့ သိရတယ်။  ကျနော့် အထင်တော့ အဝေးထိန်း ရီမုမိုင်းဖြစ်မယ်ဗျ"လို့ ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့ အနီးတဝိုက်ကိုလည်း ပိတ်ဆို့ စစ်ဆေးနေပြီး အ.ထ.က ၁ စာသင်ကျောင်းအတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ရမ်းသန်း ပစ်ခတ်နေတယ်လို့ ဒေသခံက ပြောပါတယ်။

2 months Ago

June 23, 2021

မြင်းခြံမြို့ ကျောင်းများအနီး ၃ နေရာတွင် အသံဗုံးများ ပေါက်ကွဲ

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဇွန်လ ၂၃ ရက်နေ့မနက်က အသံဗုံး ၃ လုံး ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမနက် ၁၁ နာရီလောက်က အမှတ် ၁၂ ရပ်ကွက်၊ အထက်ဆန်တန်းလမ်း၊ မြို့မကျောင်းအနီးမှာ အသံဗုံးတစ်လုံး၊ မွန်းတည့် ၁၂ နာရီလောက်က အထက ၂ အနီးနဲ့ ချောင်းဒေါင်းလမ်းဆုံအနီးမှာ အသံဗုံးတစ်လုံးစီ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

အသံဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ လူထိခိုက်မှု မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

5 months Ago

မြင်းခြံမြို့၌ ကျောင်းသားနှင့်ပြည်သူပူးပေါင်းပြီး စစ်အာဏာရှင်ကို ဆန္ဒပြ

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဇွန် ၂၃ ရက် ဒီနေ့မနက်က  မြင်းခြံနည်းပညာကောလိပ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ ဒေသခံ ပြည်သူလူထုဟာ  စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။ 

၂၀၀၈ ခြေဥ ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ် ဒီမိုကရေစီဖွဲ့စည်းပုံသစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်၊ ဖိရင်ကြွမယ် ထိရင်ချမယ်၊ ဖက်ဆစ် စစ်တပ် အမြစ်ဖြတ် စတဲ့ ကြွေးကြော်သံတွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

5 months Ago
More News
Up