မြင်ကွင်

November 8, 2020

မိုးညှင်းမြို့ မဲပေးမှု မြင်ကွင်းများ (ဓာတ်ပုံ)

၂၀၂၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ် မိုးညှင်းမြို့က မဲရုံတွေမှာ ဒီနေ့မနက်အစောပိုင်း မဲဆန္ဒရှင်တွေ မဲစပေးနေကြပြီ ဖြစ်ပါတယ်။ မဲရုံအမှတ် ၇ မှာ မနက် ၃ နာရီထဲက နှင်းတွေကြားထဲမှာ မဲထည့်မယ့်သူတွေ ချမ်းချမ်းအေးအေး စတင်တန်းစီ တိုးနေကြတဲ့ မြင်ကွင်းများ။ မုန်းမုန်းမင်း
1 year Ago

November 1, 2020

အောင်မြေသာစံမြို့နယ် သီတင်းကျွတ်မီးထွန်းပွဲတော် မြင်ကွင်းများ(ဓာတ်ပုံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၆၆ လမ်းနဲ့  ၂၆ လမ်းထောင့်၊ မန္တလေးတောင်ခြေရှိ သုဓမ္မာဇရပ်တန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ ထောက်ခံသူတွေက မီးပုံးထွန်းညှိတာတွေ ပြုလုပ်ခဲ့ပါတယ်။ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဇနီး ဒေါက်တာဒေါ်ယု‌ယုမေတို့ လာရောက်ကြည့်ရှုခဲ့ကြသည်။ ဒါ့အပြင် အောင်မြေသာစံမြို့နယ်၊၂၆ လမ်းနဲ့ လမ်း ၈၀ အနီး ကျုံးမြောက်ဘက်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေက အမှတ်တရ ဆီမီးထွန်းညှိတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ထိန်ထိန်လင်း
1 year Ago
Up