မြင့်မြတ်

October 26, 2019

မြင့်မြတ်နှင့် ဖိလစ်ပိုင် ဂေးမော်ဒယ် ပါဝင်သည့် ‘လူထဲကလူ’ ရုပ်ရှင်ရိုက်ကူးမည်

လတ်တလော အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ဖိလစ်ပိုင် ဂေးမော်ဒယ် Sinon Lorseca ဟာ ‘လူထဲကလူ’ အမည်ရတဲ့ ရုပ်ရှင်ကားထဲမှာ ပါဝင်သွားဖို့ ရှိနေပါတယ်။ အဲဒီကားထဲမှာတော့ Sinon ဟာ မြန်မာနာမည်ကြီး သရုပ်ဆောင်မင်းသား မြင့်မြတ်နဲ့အတူ တခြား သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ရဲအောင်၊ အောင်လေး၊ စိုးမြတ်သူဇာ၊ ပက်ထရစ်ရှာ၊ စိုးမိုးကြည်၊ ခင်လှိုင်၊ တက္ကသိုလ်ဂွမ်းပုံ စတဲ့ သရုပ်ဆောင်တွေနဲ့အတူ သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးမှာ ဖြစ်ပါတယ်။ ‘လူထဲကလူ’ ရုပ်ရှင်ကားရဲ့ ကန်တော့ပွဲပေး အခမ်းအနားကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံဘုရားအောင်မြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။ လူသားတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေ၊ ကဲ့ရဲ့မှုတွေကြောင့် အပြစ်မဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ၊ ဘဝကို အရှုံးပေးသွားနိုင်တယ် ဆိုတာတွေကို ပညာပေးသဘောနဲ့ ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - ဒါရိုက်တာကိုပေါက် (Facebook)
2 years Ago

October 15, 2019

ဟာသ သရုပ်ဆောင် ခင်လှိုင် ရိုက်ကူးပြီး မြင့်မြတ်၊ အိချောပိုတို့ ပါဝင်သည့် ချိုးရုပ် (ရုပ်ရှင်နမူနာ)

ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား မြင့်မြတ်နဲ့ အိချောပိုတို့ ခေါင်းဆောင် ပါဝင်ထားကြတဲ့ အချစ်ဟာသဒရာမာရုပ်ရှင်  ချိုးရုပ်ကို လာမယ့် အောက်တိုဘာ ၁၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဆဲဗင်းဒေးရဲ့ ဇာတ်ညွှန်းကို ဟာသ သရုပ်ဆောင် ခင်လှိုင်က ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ကျေးလက်‌ဒေသကို အခြေခံပြီး ၅၂၈ ချစ်ခြင်းမေတ္တာဘွဲ့ ဇာတ်လမ်းတပုဒ်အနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီကားထဲမှာတော့ မြင့်မြတ်၊ အိချောပိုတို့နဲ့အတူ တိုင်ရွန်၊ ခင်လှိုင်၊ ညီနန္ဒ၊ ကြက်ဖ၊ တက္ကသိုလ်ဂွမ်းပုံ၊ ရွှေပိုးအိမ် စတဲ့ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
2 years Ago
Up