မြင့်မားသည့်လုပ်ခ

October 11, 2020

မန်ယူကွင်းလယ်လူကို မြင့်မားသည့်လုပ်ခဖြင့် ဆော်ဒီကလပ်ကမ်းလှမ်း

မန်ယူကွင်းလယ်လူ မာတာကို  ဆော်ဒီကလပ်တွေက မြင့်မားတဲ့လုပ်ခနဲ့ ခေါ်ယူဖို့ ကမ်းလှမ်း ထားတယ်လို့ သိရပါတယ်။  အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ စပိန်ကွင်းလယ်လူ မာတာဟာ မန်ယူမှာ ပုံမှန်ပွဲထွက်ခွင့်မရ ဖြစ်နေပြီး လိဂ်ဖလားပွဲစဉ်တွေမှာပဲ ကစားနေရတာပါ။  အပြောင်းအရွှေ့ ကျွမ်းကျင်သူတဦးဖြစ်တဲ့ မက်ဂရေးကတော့ မာတာကို ခေါ်ယူဖို့ အမည်ဖော်ပြလိုခြင်းမရှိတဲ့ ဆော်ဒီအာရေဗျကလပ်အသင်းတသင်းက စိတ်ဝင်စားနေပြီး မက်လောက်စရာလုပ်ခပေးနဲ့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။  မာတာအနေနဲ့ တစ်နှစ်ကိုလုပ်ခ ပေါင် ၁၅ သန်း အထိရရှိနိုင်မယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ၃၇ ပွဲ ကစားခဲ့ရတဲ့ မာတာဟာ အခုနှစ်မှာတော့ ကစားသမားသစ်တွေ ရောက်ရှိလာတာကြောင့် ပွဲကစားခွင့်နည်းပါးနေတာပါ။ ၂၀၁၄ ခုနှစ်က ချဲလ်ဆီးကနေ အဲဒီအချိန်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့  ပေါင် ၃၇ ဒသမ ၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မာတာဟာ မန်ယူအတွက်စု စုပေါင်း ၂၅၇ ပွဲ ကစားခဲ့ပြီး ဂိုး ၅၀ သွင်းယူပေးထားပါတယ်။ 
7 months Ago
Up