မြင့်တက်

A d v e r t i s e m e n t With Us

January 10, 2021

အင်ဒိုနီးရှားမြေပြိုမှု သေဆုံးသူ ၁၂ ဦးထိ မြင့်တက်လာ

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ မြေပြိုတာကြောင့် သေဆုံးသူဦးရေဟာ ဇန်နဝါရီ ၁၀ ရက်မှာ ၁၂ ယောက်ထိ မြင့်တက်သွားပြီလို့ သိရပါတယ်။ မြေပြင်အခြေအနေနဲ် မိုးကြီးတာတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေပါတယ်။  ဇန်နဝါရီ ၉ ရက်က မြေပြိုမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာကြောင့် လူ ၁၂ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ အင်ဒိုနီးရှား ကပ်ဘေးစီမံရေးအမျိုးသားဘုတ်အဖွဲ့ BNPB က ကယ်ဆယ်ရေး အရာရှိတွေက ပြောပါတယ်။  မြို့တော် ဂျကာတာရဲ့ အနောက်တောင် ဘက် ၉၅ မိုင် အကွာက အနောက် ဂျာဗားပြည်နယ် စူမေဒန် စီရင်စုက စီဟန်ဂျူအန်ရွာမှာ စနေည ၇ နာရီခွဲက မြေပြိုခဲ့တယ်လို့ BNPB က ကြေညာချက် ထုတ်ပြန်ပါတယ်။  ပထမ မြေပြိုရာနေရာမှာ ရှင်သန်ကျန်ရစ်သူတွေကို တာဝန်ရှိသူတွေက ဘေးကင်းရာ ရွှေ့နေချိန်မှာ ဒုတိယအချီ မြေပြိုခဲ့တာလို့ သူက ဆက်ပြောပါတယ်။  အပျက်အစီးတွေ၊ ရွှံ့တွေကြားကနေ လူနာတင်ယာဉ်တစီးကို ကယ်ဆယ်ရေး အုပ်စုတွေ ကြိုးစား ဖယ်ထုတ်နေတဲ့ ရုပ်သံကိုလည်း ရိုက်တာသတင်းက ထုတ်လွှင့်ခဲ့ပါတယ်။  တနေကုန် မိုးတွေ ဆက်ရွာနေပြီး မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်နေလို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးမယ်လို့ ထင်ကြေးပေးနေကြပါတယ်။
2 months Ago

June 26, 2020

တက္ကဆက်တွင် ကိုဗစ်-၁၉  ကူးစက်လူနာဦးရေ မြင့်တက်၊ လော့ဒေါင်း ဆက်ချ

အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ်မှာ လော့ဒေါင်းချထားရာကနေ ပြည်နယ်ကို ပြန်ဖွင့်ဖို့  ဇွန်လ ၂၅ ရက်မှာ စီစဉ်ထားပေမဲ့ ကိုဗစ်-၁၉ ရော ကူးစက်လူနာဦးရေနဲ့ ဆေးရုံတင် ကုသရတဲ့လူနာတွေ မြင့်တက်လာလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြန်ပိတ်လိုက်ပါတယ်။  တက္ကဆက်ပြည်နယ်မှာ ဇွန်လ ၂၂  ရက် တစ်ရက်တည်းမှာတင် အတည်ပြုလူနာ ၆၀၀၀ တွေ့ခဲ့ပါတယ်။  တက္ကဆက်မှာ ၁၃ ရက်ဆက်တိုက် ဆေးရုံတင်ရတဲ့ လူနာဦးရေလည်း စံချိန်တင်ခဲ့ပါတယ်။ အမေရိကန်အစိုးရ ကျွမ်းကျင်သူတွေကတော့ နိုင်ငံသား သန်း နှစ်ဆယ်ကျော် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရမယ်လို့ တွက်ထားတာ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ဒီတပတ်အတွင်းမှာပဲ အယ်လာဘားမား၊ အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါ၊ အိုင်ဒါဟို၊ မစ္စစပီ ၊ မီဆိုရီ ၊ နီဗားဒါး၊ အိုကလာ ဟားမား၊ တောင်ကယ်ရိုလိုင်နားနဲ့ ဝိုင်အိုင်းမင်း တို့မှာလည်း ကူးစက်ခံရနှုန်း စံချိန်တင်မြင့်တက်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  
8 months Ago
More News
Up