မျှော်လင့်ချက်အလင်းရောင်

A d v e r t i s e m e n t With Us

January 1, 2021

၂၀၂၁ ခုနှစ်သစ်တွင် မျှော်လင့်ချက်အလင်းရောင်ကို ထွန်းညှိလိုက်ပြီဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ၂၀၂၀ အတွင်း ရုန်းကန်ရမှုတွေကို ပြန်ပြောင်းပြောဆိုခဲ့ပြီး  မျှော်လင့်ချက်အလင်းရောင်ကို ထွန်းညှိလိုက်ပြီလို့ ပြောကြားပါတယ်။  အစိုးရက တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်ပြီး  စွန့်လွှတ်မှု အများအပြားလုပ်ခဲ့တဲ့ နှစ်မှာ  ပရမ်းပတာ အခြေအနေ ပြည့်နှက်နေတဲ့ကြားက   ခိုင်မာစည်းလုံးခဲ့တဲ့ နိုင်ငံအကြောင်းကို ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောပြခဲ့ပါတယ်။ ၂၀၂၁ နှစ်သစ်ဟာ အတိတ်မှာလမ်းပျောက်ခဲ့တဲ့အရာတွေကို လုပ်လာနိုင်တဲ့ နှစ် ဖြစ်လာမယ် ယုံကြည်တယ်လို့ ဂျွန်ဆင်က ဒီဇင်ဘာ ၃၁ ရက်နေ့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ ဇန်နဝါရီလ ၁ ရက်ကစလို့ ဗြိတိန်ဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ မဟုတ်တော့ဘဲ သီးခြားရပ်တည်တဲ့နိုင်ငံဖြစ်လာပါတယ်။
2 months Ago
Up