မျှော်မှန်း

September 20, 2020

လာမည့်ဧပြီ၌ ကိုရိုဗိုင်းရပ်စ်ကာကွယ်ဆေး အလုံလောက်ရရန် မျှော်မှန်းဟု ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့နိုင်ငံသားတိုင်း ဧပြီလမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးဖို့ လုံလောက်အောင် ရရှိရေး မျှော်လင့်ထားတယ်လို့ စက်တင်ဘာ ၁၈ရက်က ပြောလိုက်ပါတယ်။ “လတိုင်းမှာ သန်းရာချီတဲ့ ထိုးဆေးတွေ ရနိုင်လိမ့်မယ်။ ဧပြီလမှာ အမေရိကန် နိုင်ငံသားတိုင်းအတွက် လုံလောက်တဲ့ ကာကွယ်ဆေးတွေ ရဖို့ မျှော်လင့်တယ်” လို့ ထရမ့်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  ပြည်ထောင်စုကျန်းမာရေးစည်းမျဉ်း စည်းကြပ်သူတွေဆီက အတည်ပြုချက်ရတာနဲ့ ၂၄ နာရီ အတွင်း ကာကွယ်ဆေး ဖြန့်ချိတာကို စမယ်လို့လည်း သူက ပြောပါတယ်။ ထရမ့်ဟာ အရင်က ကာကွယ်ဆေးတွေ အောက်တိုဘာမှာ အတည်ပြုနိုင်မယ်လို့ ပြောဖူးပါတယ်။  ဒါပေမဲ့ ပညာရှင်တချို့က ဒီအချိန်မှာ ကာကွယ်ဆေး ထွက်လောက်ဦးမှာ မဟုတ်သေးဘူး လို့ ပြောခဲ့ကြပါတယ်။
8 months Ago
Up