မျောပါမသွာ

August 23, 2020

အပြောင်းအရွှေ့သတင်းအပေါ် မျောပါမသွားရန် အရေးကြီးဟု ဂျေဒန်ဆန်ချိုပြော

မန်ယူအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အများကြီးထွက်ပေါ်နေပေမယ့် ဘောလုံးအပေါ်မှာပဲ အာရုံစိုက်နိုင်ဖို့ အရေးကြီးတယ်လို့ ဂျေဒန်ဆန်ချိုက ပြောလိုက်ပါတယ်။  ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို မန်ယူနိုက်တက်အသင်းကခေါ်ယူလိုနေပြီး  အပြောင်းအရွှေ့သတင်းတွေ တောက်လျှောက်ထွက်ပေါ်‌ေခဲ့တာပါ။  အဲဒီအပြောင်းအရွှေ့သတင်းတွေအပေါ်မှာ ဆန်ချိုက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောပြခဲ့ပြီး မီဒီယာတွေပေါ်က သတင်းတွေကို ဂရုမစိုက်မိအောင် ကြိုးစားတယ်လို့ ဆန်ချိုကပြောပါတယ်။  မီဒီယာတွေက အပြောင်းအရွှေ့သတင်းတွေကိုသာ စောင့်ကြည့်နေမယ်ဆိုရင် မျောပါသွားနိုင်ပြီး ဘောလုံးအပေါ်မှာ အာရုံစိုက်နိုင်ဖို့ မလွယ်ကြောင်း ဆန်ချိုက ပြောပါတယ်။  လေ့ကျင့်ရေးကွင်းနဲ့ ပွဲစဉ်တွေမှာ အကောင်းဆုံးစွမ်း ဆောင်ရည်ပြသနိုင်ဖို့သာ အာရုံစိုက်ထားပြီး အမြဲတမ်းပြုံးပျော်နေတာကို ဆက်ထိန်းထားနိုင်ဖို့ အရေးကြီးတယ်လို့ ဆန်ချိုက ပြောကြားခဲ့ပါတယ်။ 
1 year Ago
Up