မျိုးဗီဇပြောင်း

July 13, 2021

ထိုင်းတွင် မျိုးဗီဇပြောင်း ဒယ်လ်တာကိုဗစ်-၁၉ ကူးစက်ခံရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး သေဆုံး

ထိုင်းနိုင်ငံအလယ်ပိုင်းမှာ မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ၇ လ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အသက် ၃၄ နှစ်အရွယ် အဆိုပါ အမျိုးသမီးဟာ မနေ့က ဇူလိုင် ၁၂ ရက်မှာ သေဆုံး သွားခဲ့တာဖြစ်တယ်လို့ ခရိုင်ကျန်းမာရေးအကြီးအကဲ ဒေါက်တာ ဆူရိယ ခူဟာရတ်က ပြောပါတယ်။

ဒေသတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံသူအရေအတွက်ကတော့ ၃,၄၈၈ ယောက် ရှိလာခဲ့ပြီဖြစ်ကာ သူတို့ထဲက ၉၀၇ ယောက်ကတော့ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ၁၁ ယောက်ကတော့ သေဆုံးခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ ဒေသတွင်း ကိုဗစ်-၁၉ ကြောင့် ၁၁ ယောက်မြောက် သေဆုံးသူဖြစ်လာခဲ့ပြီး သူဟာ ၂၈ ပတ်မြောက် ကိုယ်ဝန်လွယ်ထားရသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်ကတော့ အဆိုပါ အမျိုးသမီးဟာ ရင်ဘတ်အောင့်ပြီး အသက် ရှုရခက်တဲ့ ပြသနာကြောင့် ဖရာချွတ်ခီရိခန်ဆေးရုံကို ဆေးကုသမှုခံယူဖို့ ရောက်လာခဲ့ချိန် မှာ မျိုးဗီဇပြောင်း ဒယ်လ်တာကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံထားခဲ့ရတာကို တွေ့ရှိခဲ့ရ တာလို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ ပိုမိုဆိုး ရွားလာခဲ့ပြီး သေ ဆုံးသွားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

တကျော့ပြန် ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ မျိုးဗီဇ ပြောင်း အယ်လ်ဖာနဲ့ ဒယ်လ်တာပေါင်းစပ် ကိုဗစ်-၁၉ ဗိုင်းရပ်စ် အသစ်တမျိုး ထပ်မံတွေ့ ရှိခဲ့ရတယ်လို့ ဆေးသိပ္ပံဌာနက ထုတ်ပြန်ထားပါတယ်။

ဒီဗိုင်းရပ်စ်အသစ်ကိုတော့ မြို့တော်ဘန်ကောက်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တ ခုက အလုပ်သမား ၇ ယောက်မှာ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၃ သိန်းခွဲကျော်ရှိနေခဲ့ပြီဖြစ်ကာ သေဆုံးသူ ပေါင်း ၂၈၀၀ ကျော် ရှိနေပါတယ်။

2 months Ago

July 12, 2021

ထိုင်းတွင် မျိုးဗီဇပြောင်း အယ်လ်ဖာနှင့် ဒယ်လ်တာပေါင်းစပ် ကိုဗစ်-၁၉ ဗိုင်းရပ်စ်သစ်တွေ့ရှိ

တကျော့ပြန် ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ မျိုးဗီဇ ပြောင်းအယ်လ်ဖာနဲ့ ဒယ်လ်တာပေါင်းစပ် ကိုဗစ်-၁၉ ဗိုင်းရပ်စ် အသစ်တမျိုး ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဆေးသိပ္ပံဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီဗိုင်းရပ်စ်အသစ်ကိုတော့ မြို့တော်ဘန်ကောက်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုက အလုပ်သမား ၇ ယောက်မှာ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ချ်အို)ကတော့ စိုးရိမ်ဖွယ် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတွေအဖြစ် ဗြိတိန်ဗိုင်းရပ်စ်မျိုးကွဲ B.1.1.7 ကို အယ်လ်ဖာ၊ တောင်အာဖရိက ဗိုင်းရပ်စ် မျိုးကွဲ B.1.351 ကို ဘီတာ၊  ဘရာဇီးဗိုင်းရပ်စ်မျိုးကွဲ P.1 ကို ဂမ်မာ ၊ နှစ်မျိုးနှစ်စားရှိတဲ့ အိန္ဒိယဗိုင်းရပ်စ်မျိုးကွဲ B.1.617 ထဲက စိုးရိမ်ဖွယ်ဗိုင်းရပ်စ်ဖြစ်တဲ့ B.1.617.2 ကို ဒယ်လ် တာနဲ့ နောက်တစ်မျိုး B.1.617.1 ကို ကက်ပါလို့ အမည်ပေးထားပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ခံ ထိုင်းနိုင်ငံမှာတော့  လက်ရှိအချိန်ထိ  ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၃၄၀,၀၀၀ ကျော်၊ သေဆုံးသူစုစုပေါင်း ၂၇၀၀ ကျော်နဲ့ အာရှဒေသတွင်းနိုင်ငံတွေထဲ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၂၀ နေရာမှာ ရှိနေတာပါ။

အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံ တွေပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၈ သိန်း ၄ သောင်းကျော်၊ သေဆုံးသူပေါင်း ၆,၀၀၀ ကျော်နဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ အမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။

ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၈၇ ဒသမ ၇၇ သန်းကျော်၊ သေဆုံးသူပေါင်း ၄ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာ သူပေါင်း ၁၇၁ ဒသမ ၆၉ သန်းကျော် ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။

2 months Ago
Up