.မျိုးချစ်

A d v e r t i s e m e n t With Us

January 28, 2021

ဟောင်ကောင်ကို မျိုးချစ်များသာ အုပ်ချုပ်ရမည်ဟု သမ္မတ ရှီ ပြော

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဟောင်ကောင်ကို မျိုးချစ်ပုဂ္ဂိုလ်တွေကသာ အုပ်ချုပ်ရမယ်လို့ ပြောခဲ့ကြောင်း အစိုးရ ရုပ်သံစီစီတီဗီက ဇန်နဝါရီ ၂၇ မှာ ထုတ်လွှင့်ပါတယ်။

 ဗုဒ္ဓဟူးနေ့က ရှီကျင့်ဖျင်နဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်တို့ အွန်လိုင်းကနေ အစည်းအဝေး ကျင်းပခဲ့တာပါ။ ဟောင်ကောင်မှာ ကိုဗစ်-၁၉ ကူးစက်မှု စတုတ္ထလှိုင်း ဖြစ်လာမှာကို စိတ်ပူတယ်လို့ ရှီက ပြောခဲ့ကြောင်း စီစီတီဗီက ကြေညာပါတယ်။

 ကူးစက်မှု ထိန်းချုပ်ရေး ကယ်ရီလမ်ရဲ့ လုပ်ရပ်တွေကိုလည်း ရှီက ချီးကျူးခဲ့ပါတယ်။ ဗဟိုအစိုးရဟာ ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေး ကူညီဖို့ လိုအပ်သမျှ အားလုံးကို လုပ်ဆောင် သွားမယ်လို့ ရှီက ထပ်ပြောခဲ့ပါတယ်။

4 weeks Ago
Up