မျက်ရည်ယိုဓာတ်ငွေ

July 10, 2020

ဂရိပါလီမန်အပြင်ဘက် ဆန္ဒပြသူများကို ရဲတပ်ဖွဲ မျက်ရည်ယိုဓာတ်ငွေဖြင့် လူစုခွဲ

ဂရိနိုင်ငံမှာ ဆန္ဒပြဥပဒေအပေါ် ဇူလိုင်လ ၉ ရက်က ကန့်ကွက်ဆန္ဒပြသူတွေကို  ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲခဲ့ပါတယ်။  ဂရိပါလီမန်အတွင်း ဆန္ဒပြဥပဒေကြမ်းအပေါ် ဆွေးနွေးနေချိန်မှာပဲ အပြင်ဘက်မှာ  ဆန္ဒပြသူ တစ်သောင်းခန့် စုဝေးခဲ့ပါတယ်။    တစ်ကြိမ်မှာတော့  ဆန္ဒပြသူ တစ်စုက အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေကို ခဲတွေ၊ တုတ်တွေနဲ့ ပစ်ပေါက်ခဲ့ပြီး ရဲတွေကလည်း  မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ လူစုခွဲခဲ့ပါတယ်။    လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကို စည်းမျဉ်းသတ်မှတ်တဲ့ ဥပဒေကြမ်းမှာ  ဆက်ဆံရေး အရာ ရှိ ခန့်အပ်တာ၊ ဆန္ဒပြပွဲတွေကို ကန့်သတ်တာ ဒါမှမဟုတ် အများပြည်သူလုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ယူဆရင် အာဏာပိုင်တွေက ဆန္ဒပြပွဲတွေကို တားမြစ်တာတွေ ပါဝင်ပါတယ်။  ဒါ့အပြင် ဆန္ဒပြသူတွေကြောင့်ဖြစ်တဲ့ ထိခိုက်မှု၊ပျက်စီးမှုတွေကို ဆန္ဒပြပွဲစီစဉ်သူတွေ တာဝန်ခံရမယ်လို့လည်း  ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။ 
1 year Ago

November 3, 2019

ဟောင်ကောင်ဆန္ဒပြပွဲ ရဲက မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ဖြိုခွဲ၊ ဆန္ဒပြသူအချို့ ဖမ်းဆီးခံရ

ဟောင်ကောင်ရဲတွေဟာ နိုဝင်ဘာ ၂ ရက်က ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေနဲ့ ဖြိုခွဲပြီး ဆန္ဒပြသူဒါဇင်နဲ့ချီပြီး ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဆန္ဒပြချီတက်ပွဲဟာ ရဲတွေရဲ့ တရားဝင် ခွင့်ပြုချက်အရ ချီတက်ခဲ့တာကြောင့် ဗဟိုစီးပွားရေးခရိုင်ထဲမှာရော ဝမ်ချိုင်းအရပ်က ပန်းခြံထဲမှာပါ ဆန္ဒပြသူတွေကို ဖမ်းခဲ့တာဖြစ်ပါတယ်။ အနက်ရောင်ဝတ်စုံနဲ့မျက်နှာဖုံးတွေကို ဝတ်ဆင်ထားသူအများစု ပါဝင်တဲ့ ထောင်ချီတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဟောင်ကောင်ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့တွေသုံး လူစုခွဲခဲ့ပါတယ်။် အရေးပေါ်ဥပဒေအရ မျက်နှာဖုံးတွေကို မဝတ်ဖို့လည်း တားမြစ်ပိတ်ပင်ထားပါတယ်။ ဟောင်ကောင်က လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေ နေရာယူထားတာ ငါးလလောက်ရှိပြီး တခါတရံမှာ  အကြမ်းဖက် မတည်ငြိမ်မှု အဆင့်ထိ ရောက်သွားလေ့ ရှိပါတယ်။ ဟောင်ကောင်ရဲ့ တရားရေးစနစ်အပါအဝင် လွတ်လပ်ခွင့်တွေကို တရုတ်ပြည်မကြီး အစိုးရက ကန့်သတ်နေတယ်လို့ ရှုမြင်ဒေါသထွက်ပြီး ခုလို မတည်မငြိမ် ဖြစ်နေတာပါ။  ဆန္ဒပြသူတွေရဲ့  စွပ်စွဲချက်ကိုတော့ တရုတ်ပြည်မကြီး အစိုးရက ငြင်းဆိုထားပါတယ်။
2 years Ago
Up