မျက်နှာဖုံး

A d v e r t i s e m e n t With Us

April 15, 2020

ထိုင်းနိုင်ငံတွင် မွေးကင်းစ ကလေးငယ်များကို မျက်နှာဖုံးအုပ်ကာကွယ်ပေး

ထိုင်းနိုင်ငံက ဆေးရုံတွေမှာ COVID-19 ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း ဗိုင်းရပ်စ် မကူးစက်စေဖို့အတွက် မွေးဖွားလာတဲ့ မွေးကင်းစကလေးငယ်တွေကို မျက်နှာဖုံးအုပ် အကာအကွယ်ပေးနေကြပါတယ်။ မြို့တော်ဘန်ကောက်မြို့က ဆေးရုံတွေမှာ မွေးကင်းစ နီတာရဲ ကလေးငယ်လေးတွေကို ဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်ဖို့အတွက် မွေးဖွားဆောင်တွင်း ခုလို မျက်နှာဖုံး အကာအကွယ်တွေနဲ့ ထားရှိနေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၆၁၃ ယောက်ရှိခဲ့ပြီး သေဆုံး သူ ၄၁ ယောက်ရှိနေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ ထိရောက်တဲ့ Lockdown တားဆီးပိတ်ပင်တာတွေ လုပ်ဆောင်မှုနဲ့အတူ  လက်ရှိကျရောက်နေတဲ့ ဆုန်ကရန်ရိုးရာ ရေသဘင်ပွဲတော်ကိုပါ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။ ခုလို မွေးကင်းစကလေးငယ်တွေကို မျက်နှာဖုံးအုပ် အကာအကွယ်ပေးတဲ့ လုပ်ဆောင်မှုကိုတော့ ပရာရမ် ၉ ဆေးရုံမှ စတင်လုပ်ဆောင်ခဲ့ပြီး မြို့တော်အနှံ့ တခြားဆေးရုံတွေမှာပါ လိုက်ပါလုပ်ဆောင်နေခဲ့ပြီ ဖြစ်ပါတယ်။ မွေးကင်းစကလေးငယ်တွေအတွက် ရည်ရွယ်ဒီဇိုင်းထွင်ဖန်တီးထားတဲ့ ဆေးရုံသုံး ဒီမျက်နှာဖုံးတွေကတော့ မွေးဖွားပြီးနောက် ကလေးငယ်ရဲ့ အိမ်ပြန်ချိန်အတွက်ပါ အကာအကွယ် ဖြစ်စေနိုင်ဖို့လည်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
11 months Ago

April 4, 2020

မျက်နှာဖုံးကိစ္စ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ပြည်သူများ ဝေဖန်

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု အခြေအနေ ဆိုးရွားလာတာကြောင့် တအိမ်ထောင်ကို ပြန်လည် အသုံးပြုလို့ရတဲ့ မျက်နှာဖုံးနှစ်ခုစီ ပေးဝေသွားဖို့ ပြောခဲ့တာကြောင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ပြည်သူတွေက ဝေဖန်နေတယ်လို့ ဧပြီ ၃ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  ဂျပန်မှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုဟာ အခုရက်သတ္တပတ်ထဲ မြင့်တက်လာပြီး ဧပြီ ၄ ရက်နေ့ စာရင်းအရ ကူးစက်ခံထားရသူ ၂၆၀၀ ကျော်နဲ့ သေဆုံးသူ ၆၃ ဦးရှိပြီလို့ သိရပါတယ်။ ဒါ့ကြောင့် ဝန်ကြီးချုပ်က အစိုးရအနေနဲ့ ကူးစက်မှုမြင့်တက်နေတဲ့ ဒေသတွေက နေအိမ်ပေါင်းသန်း ၅၀ ကို၊ မျက်နှာဖုံးနှစ်ခုစီ စာတိုက်ကနေ ဝေငှပေးသွားမယ်၊ ဝေငှရေးအစီအစဉ်ကိုလည်း ဒီလကုန်လောက်မှသာ စတင်နိုင်မယ်လို့ ပြောကြားခဲ့တာကြောင့် ပြည်သူတွေကြား  လှောင်ပြောင်ဝေဖန်နေကြတာပါ။ တချို့ကလည်း လူမှုကွန်ရက်တွေပေါ်မှာ ဒီမူဝါဒကို “Abenomask policy” လို့ လှောင်ခဲ့ပြီး၊ တွစ်တာမှာဆိုရင်လည်း အာဘေးရဲ့မျက်နှာဖုံး၊ “Abe's mask” ၊ ဆိုတဲ့ hashtag တွေနဲ့ လူပြောများတဲ့ ကိစ္စတခု ဖြစ်သွားပါတယ်။  တချို့ကလည်း လူကြိုက်များတဲ့ ကာတွန်းဇာတ်ကောင်ပုံတွေနဲ့ memes တွေ လုပ်ကာ မိသားစုလေးယောက်ကို မျက်နှာဖုံးနှစ်ခု တပ်ထားရပုံတွေနဲ့ လှောင်ပြောင်ခဲ့ကြပါတယ်။  ဝေဖန်မှုတွေ အရှိန်မြင့်လာရခြင်း အကြောင်းတွေထဲမှာ ဂျပန်ဝန်ကြီးချုပ်က နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာဖို့ မလိုအပ်ဘူးလို့ ပြောခဲ့တာကလည်း အပါအဝင်ဖြစ်ပါတယ်။  ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ရက်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ဦးရေတိုးလာတဲ့အတွက် အိမ်ပြန်ဖို့ ဆန္ဒရှိတဲ့ အမေရိကန်နိုင်ငံသားတွေ အမြန်ပြင်ဆင်ထားကြဖို့ တိုကျိုရှိ အမရိကန်သံရုံး အင်တာနက်စာမျက်မှာ ဧပြီလ ၃ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။  ဂျပန်အစိုးရအနေနဲ့ ကျယ်ပြန့်တဲ့ စစ်ဆေးတာတွေ မပြုလုပ်တာကြောင့် ရောဂါကူးစက်မှု ဘယ်လောက် ကျယ်ပြန့်မလဲ ဆိုတာကို တိတိကျကျ ဆုံးဖြတ်ဖို့ ခက်ခဲနေတယ်လို့ ဂျပန်ရှိ အမေရိကန်သံရုံး တာဝန်ရှိသူက ဆိုပါတယ်။  ဒါ့အပြင် သိပ်မကြာခင် ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုအကြား လေကြောင်းပျံသန်းမှု အနည်းငယ်သာရှိတော့မှာ ဖြစ်လို့ နေရပ်ပြန်လိုပါက အခုချက်ချင်း ပြင်ဆင်ဖို့ အမေရိကန်သံရုံးက အကြံပေးထားပါတယ်။
11 months Ago
Up