မျိုးရိုးဗီဇပြုပြင်ထားသည့် ဆယ်လမွန်ငါး စားသုံးခွင့် အမေရိကန်ခွင့်ပြု (ရုပ်သံ)

November 21, 2015

မျိုးရိုးဗီဇပြုပြင်ထားသည့် ဆယ်လမွန်ငါး စားသုံးခွင့် အမေရိကန်ခွင့်ပြု (ရုပ်သံ)

မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဆယ်လမွန်ငါးတွေကို အမေရိကန်ပြည်ထောင်စုမှာ အများပြည်သူစားသုံးခွင့်ကို နိုဝင်ဘာ ၁၉ ရက်နေ့က ပထမဆုံးခွင့်ပြုလိုက်ပါတယ်။ အမေရိကန်အစားအစာနဲ့ ဆေးဝါးထိန်းချုပ်ရေး FDA အဖွဲ့က ဒီဗီဇပြုပြင်ထားတဲ့ ဆယ်လ်မွန်ငါးတွေကို ဘေးအန္တရာယ်မရှိ စားသုံးခွင့်ပြုလိုက်တာဟာ ကမ္ဘာပေါ်မှာ ပထမဆုံးလည်းဖြစ်ပါတယ်။ အမေရိကန်ဇီဝနည်းပညာကုမ္ပဏီ AquaBounty က အခုလိုခွင့်ပြုမိန့်ကျဖို့ အနှစ် ၂၀ လောက် လျှောက်တင်ခဲ့ရတာလို့ ဆိုပါတယ်။ အခုလိုဗီဇပြုပြင်ထားတဲ့ ပင်လယ်ငါးတွေကို လူတွေစားသုံးဖို့ မသင့်လို့ ဆန့်ကျင်ကန့်ကွက်သူတွေရှိသလို တကယ်လို့ ဒီငါးတွေကို သဘာဝထဲလွှတ်ပေးလိုက်ရင် သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိတယ်လို့ စိုးရိမ်သူတွေလည်း ရှိခဲ့တာပါ။ ခွင့်ပြုပေးလိုက်တဲ့ FDA အဖွဲ့ကြီးကတော့ အသေအချာစိစစ်ပြီး အန္တရာယ်မရှိလို့ ဥပဒေနဲ့အညီ ခွင့်ပြုခဲ့တာလို့ ပြောဆိုပါတယ်။ အမေရိကန်အစိုးရက အခုလိုခွင့်ပြုလိုက်ပေမယ့် အမေရိကန်ပြည်ထောင်စုထဲမှာတော့ မွေးမြူခွင့်မပေးထားဘဲ ဒီငါးတွေကို ကနေဒါနိုင်ငံနဲ့ ပနားမားနိုင်ငံ ၂ နိုင်ငံက ငါးကန်တွေမှာပဲ မွေးမြူခွင့်ပြုပါတယ်။ ဒီဆယ်လမွန်ငါးမျိုးသစ်ကို အတ္တလန္တိတ်ဆယ်လ်မွန်ငါးနဲ့ ကြီးထွားနှုန်းမြန်တဲ့ ပစိဖိတ်ချီနှုထ် Chinook ဆယ်လမွန်ငါးတို့ကို မျိုးစပ်ပြုပြင်ထားတာဖြစ်ပါတယ်။
7 years Ago
Up