လာမယ့် မလေးရှားဆီးဂိမ်းကို သွားရောက်ယှဉ်ပြိုင်မယ့် မြန်မာတိုက်ကွမ်ဒို အားကစားအဖွဲ့မှာ လက်ရွေးစင်ဟောင်း ကစားသမားတဦးတည်းသာ ရွေးချယ်ထားပြီး ကျန်ကစားသမားတွေဟာ မျိုးဆက်သစ်ကစားသမားတွေဖြစ်တယ်လို့ သိရပါတယ်။
လက်ရွေးစင်ဟောင်းတဦးဖြစ်တဲ့ သက်မြတ်နိုးဝေဟာ တိုက်ကွမ်ဒို ကကွက်ကစားနည်းမှာ ယှဉ်ပြိုင်မှာဖြစ်ပြီး ရွှေတံဆိပ် မျှော်မှန်းခံထားရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ကျန်ကစားသမားတွေကတော့ မျိုးဆက်သစ်ကစားသမားတွေ ဖြစ်ပေမယ့် ရွှေတံဆိပ်ဆု မဟုတ်ရင်တောင် တခြားဆုတံဆိပ်တွေ မျှော်မှန်းထားပါတယ်။
လာမယ့်ပြိုင်ပွဲမှာတော့ အိမ်ရှင်မလေးရှားအပြင် ထိပ်တန်း ထိုင်းအသင်းတွေဟာ အဓိကပြိုင်ဘက်တွေ ဖြစ်ပေမယ့် ကစားသမားတွေကတော့ အောင်နိုင်ရေး ယုံကြည်ချက်တွေ ပြင်းထန်နေပါတယ်။
တိုက်ကွမ်ဒိုအားကစားအဖွဲ့ဟာ ၂၀၁၃ မြန်မာဆီးဂိမ်းမှာ ရွှေတံဆိပ်တွေ ရရှိခဲ့ဖူးပေမယ့် ပြီးခဲ့တဲ့ စင်ကာပူဆီးဂိမ်းမှာတော့ ငွေတံဆိပ်သာ အမြင့်ဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - ထက်လူ
6 years Ago