မျိုထားသည့်

January 14, 2018

မျိုထားသည့် တိုက်ကြက်ကို စပါးအုံးမြွေကြီး ဘယ်လိုပြန်အန်သလဲ (ရုပ်သံ)

ထိုင်းနိုင်ငံမှာ လယ်သမားတဦးက သူ့ရဲ့ချန်ပီယမ် တိုက်ကြက်ဖတွေ ပျောက်သွားတာကို သတိထားမိချိန်မှာ ၁၅ ပေအရှည်ရှိတဲ့ စပါးအုံးမြွေကြီးက မျိုထားတယ်ဆိုတာ သိလိုက်ရပါတယ်။ ပထန်ဌာနီမှာ နက်ဝက်တနာဆိုတဲ့ လယ်သမားကြီးက သူ့ရဲ့အကောင်းဆုံးကြက်ဖကြီး ၂ ကောင် ပျောက်သွားလို့ ဦးဆုံး ကြက်တွေ လှောင်အိမ်ထဲက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ထင်ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ ခေါင်မိုးပေါ်က တွဲလောင်းကျနေတဲ့ စပါးအုံးမြွေကြီးရဲ့ ဗိုက်ကြီးက အကြီးအကျယ်ဖောင်းကားနေလို့ ကြက်တွေကို မြွေကြီး မျိုထားတယ်ဆိုတာ သိလိုက်ရပါတယ်။ မစ္စတာဝက်တနာက ကယ်ဆယ်ရေးတွေကို အကူအညီတောင်းပြီး မြွေကြီး တိုက်ကြက်ကို ပြန်အန်ထုတ်အောင် ကြိုးစားခဲ့ကြပါတယ်။ ရုပ်သံထဲမှာ ကယ်ဆယ်ရေးတွေက မြေပြင်ပေါ်မှာ ရှိနေတဲ့ မြွေကြီးကို သံချောင်းသုံးပြီး ကြက်ကို ပြန်အန်ထုတ်အောင် လုပ်နေကြသလို စပါးအုံးမြွေကြီးက တိုက်ကြက်ကို ဖြည်းဖြည်းချင်း ပြန်အန်ထုတ်နေတဲ့ မြင်ကွင်းကိုလည်း မြင်ရပါတယ်။ ကြက်ဖကြီး ၂ ကောင်က ဒီဇင်ဘာ ၂၇ ရက်မှာ ပျောက်သွားပြီး နောက်တကောင်ကိုတော့ အဲ့ဒီအနီးအနားမှာပဲ သေနတာ တွေ့ရတယ်လို့ မစ္စတာဝက်တနာက ပြောပါတယ်။ “ကြက် ၂ ကောင်က ဘတ် ၃ သောင်းတန်တယ်၊ အကြိုက်ဆုံး ကြက်တွေကို မကယ်တင်နိုင်လိုက်ဘူး၊ ကံကောင်းတာက ကြက်ဖတွေအများကြီး ကျန်နေသေးတာပဲ” လို့ မစ္စတာ ဝက်တနာက ပြောပါတယ်။ စပါးအုံးမြွေတွေက ကြက်ဖတကောင်အရွယ်ကို အစာချေဖို့ ၂ ပတ်ကြာပြီး ရက်သတ္တပတ် တော်တော်ကြာကြာထိ အစားမစားပဲ နေနိုင်တယ်လို့ မေရာသတင်းမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up