မျက်နှာဖုံး

May 16, 2018

ကမ္ဘာကျော် ဘောလုံးသမားများ၏ မျက်နှာဖုံး ဝတ်ဆင်နိုင်တော့မည် (ဓာတ်ပုံ)

ဘောလုံးဝါသနာအိုးတွေအနေနဲ့ ကိုယ်ကြိုက်တဲ့ ကမ္ဘာကျော် ဘောလုံးသမားရဲ့ မျက်နှာဖုံးတွေ တပ်ဆင်နိုင်ပါတော့မယ်။ ရုရှားနိုင်ငံမှာ မကြာခင် ကျင်းပတော့မယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးမှာ ပါဝင်ကစားကြမယ့် နိုင်ငံတကာ လက်ရွေးစင်အသင်းကြီး ၃၂ သင်းထဲက နာမည်အကြီးဆုံး ဘောလုံးသမား ၁၂ ယောက်ရဲ့ မျက်နှာဖုံးလေးတွေ ဈေးကွက်ထဲကို မကြာခင် ရောက်လာဖို့ ရှိပါတယ်။ ဒီမျက်နှာဖုံးတွေကို မက္ကဆီကိုနိုင်ငံက မျက်နှာဖုံးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Grupo Rev က ဖန်တီးလိုက်တာပါ။ အာဂျင်တီးနားအသင်းက နာမည်ကျော် မက်ဆီကို လိုချင်သလား။ ပေါ်တူဂီက ဘောလုံးမင်းသား ရော်နယ်ဒို၊ ဘရာဇီး လူငယ်ကြယ်ပွင့် နေမာရဲ့ မျက်နှာလိုချင်လား၊ ဟာနန်ဒက်ဇ်ကိုကြိုက်လား၊ ဘရာဇီး ဘောလုံးသူရဲကောင်း ပီလီ ကြိုက်လား၊ အာဂျင်တီးနားရဲ့ ဘောလုံးဝိဇ္ဇာ ဒီယေဂို မာရာဒိုနာ စသဖြင့် ရနိုင်ပါတယ်။ မျက်နှာဖုံးထုတ်လုပ်တဲ့ Grupo Rev ကုမ္ပဏီအကြီးအကဲ ဒီယေဂို အက်စ်ပွန်ဒါကတော့ မကြာခင်မှာပဲ စပိန်၊ ပြင်သစ်နဲ့ အမေရိကန်နိုင်ငံတွေကို တင်ပို့နိုင်အောင် ပြင်ဆင်နေတယ်လို့ ပြောပါတယ်။  
3 years Ago
Up