မျက်လုံးမပါ

June 17, 2017

မျက်လုံးမပါ လူသားနှုတ်ခမ်းမျိုးဖြင့် ရှားပါး ဆိတ်တကောင် မွေးဖွား (ရုပ်သံ)

အိန္ဒိယနိုင်ငံ ကယ်ရာလာပြည်နယ် ဘယ်လူဆာရီမြို့လေးက လယ်သမား ဗီချန်ဒရာရဲ့ အိမ်မှာ မျက်လုံးတွေ လုံးဝမပါပဲ လူသားနှုတ်ခမ်းမျိုးနဲ့ ဆိတ်လေးတကောင်း ရှားရှားပါးပါး မွေးလာခဲ့ပါတယ်။ ရွာသားတွေက ဆိတ်ကလေးကို “မနှစ်မြို့စရာလေး” လို့ အမည်တပ်လိုက်ပြီး ဗီချန်ဒရာကတော့ မွေးလာတဲ့ ဆိတ်ကလေးကို ပထမဦးဆုံး တွေ့လိုက်တော့ သူ ထိတ်လန့်သွားကြောင်း ပြောပါတယ်။ “ကျနော်တို့မိသားစု ကျွဲ နွား ဆိတ်တွေကို မွေးမြူလာတာ ကြာပါပြီ။ ဒီလိုဆိတ်လေးမျိုးတော့ တခါမှ မတွေ့ဖူးဘူး။ ရွာသားတွေက သတ်ပစ်လိုက်ဖို့ အကြံပေးပေမယ့် အမျိုးသမီးက ကယ်တင်လိုက်ပါဆိုလို့ ဆက်မွေးထားတာ၊ မျက်လုံး မပါပဲ မွေးလာတာတွေ့တော့ တော်တော်လန့်သွားတယ်” လို့ ဗီချန်ဒရာက ပြောပါတယ်။ ဖြစ်ခဲလှတဲ့ မျိုးရိုးဗီဇအခြေအနေအရ ဖွံ့ဖြိုးမှုရပ်တန့်ပြီး ဆိတ်ကလေးက မျက်လုံးမပါပဲ မွေးဖွားလာခဲ့တာပါ။ လယ်သမားစုံတွဲဟာ မိခင်နို့မစို့နိုင်တဲ့ ဆိတ်ကလေးကို ငယ်စဉ်မှာ သူတို့ကိုယ်တိုင် ကျွေးမွေးပြုစုနေကြပါတယ်၊ ရုပ်သံထဲမှာ ဗီချန်ဒရာက ဆိတ်ကလေးကို နိုဘူးနဲ့ နို့ကိုယ်တိုင် တိုက်နေတာကို မြင်ရပါတယ်။ တိရစ္ဆာန်ဆရာဝန်တွေကတော့ ဆိတ်လေးက ဖြစ်ခဲလှတဲ့ anophthalmia လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ ရောဂါကြောင့် မျက်လုံးတစ်သျူးတွေ မကြီးထွားပဲ မွေးလာတာလို့ ပြောပါတယ်။
5 years Ago
Up