ယူဂန္ဓာနိုင်ငံ မြို့တော် ကမ်ပါလာမှာ သြဂုတ် ၂၀ ရက်နေ့က ဒုတိယမြောက်နေ့အဖြစ် ဆန္ဒပြနေတုန်း ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲခဲ့ပါတယ်။
ဒါ့အပြင် လူ ၄၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
အထိန်းသိမ်းခံ ဥပဒေပြုအမတ်တွေကို ရိုက်နှက်တာနဲ့ ပတ်သက်လို့ ဆန္ဒပြကြတာဖြစ်ပြီး ဆန္ဒပြသူတွေဟာ ကမ်ပါလာမြို့ လမ်းတွေပေါ်မှာ မီးတွေရှို့ပြီး ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
သြဂုတ် ၁၃ ရက်နေ့က ယူဂန္ဓာသမ္မတ ယာဉ်တန်းကို ခဲနဲ့ပစ်ရာမှာ ပါဝင်တယ်ဆိုတဲ့ သံသယနဲ့ အတိုက်အခံ ဥပဒေပြုအမတ် ၅ ဦး အပါအဝင် လူပေါင်းများစွာကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
အဲဒီကတည်းကစလို့ ယူဂန္ဓာနိုင်ငံမှာ နိုင်ငံရေးအရ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းရာမှာ ဥပဒေပြု အမတ်နှစ်ဦး ဆိုးဆိုးရွားရွား ရိုက်နှက်ခံရတယ်လို့ အမတ်တဦးရဲ့ ရှေ့နေဖြစ်သူက ပြောပြခဲ့ပါတယ်။
ယူဂန္ဓာအစိုးရကတော့ လုံခြုံရေးအဖွဲ့ဝင်တွေဟာ ဘယ်သူတဦးတယောက်ကိုမှ တမင်ရည်ရွယ် ရိုက်နှက်တာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
5 years Ago