မျက်ရည်ယိုဓာတ်ငွေ့

February 1, 2019

ဆူဒန်တွင် ဆန္ဒပြပွဲများကို လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲ

ဆူဒန်နိုင်ငံ မြို့တော် ခါတွန်နဲ့ တခြားနေရာတွေမှာ ဇန်နဝါရီ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဓာတ်ငွေ့ သုံးပြီး လူစုခွဲခဲ့ပါတယ်။ ရိုက်တာသတင်းဌာနက ရရှိတဲ့ ဗွီဒီယိုထဲမှာတော့ အွမ်ဒါမန်မြို့မှာ ဆန္ဒပြသူတွေက အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးသလို တချို့ကလည်း ဓာတ်ငွေ့တွေ မရှူရှိုက်မိအောင် မျက်နှာတွေ သစ်နေတာ တွေ့ရပါတယ်။ ဆန္ဒပြတာနဲ့ ပတ်သက်လို့ ဒဏ်ရာရတဲ့သတင်း၊ ဖမ်းဆီးတဲ့သတင်းတွေကို ချက်ချင်း မသိရသေးပါဘူး။ ဆူဒန်နိုင်ငံမှာ ကုန်ဈေးနှုန်း ကြီးမြင့်တာကို ဆန့်ကျင်တဲ့ သီတင်း ၆ ပတ်ကျော်  ဆန္ဒပြပွဲတွေအတွင်း လူဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း မြို့တော် ခါတွန်နဲ့ ဂျက်ဇီးရာပြည်နယ်ကနေ တောင်ပိုင်းတလျှောက်ရှိ ရွာတွေမှာလည်း ဆန္ဒပြပွဲတွေ အသစ်တဖန် ပေါ်ပေါက်ခဲ့ပါတယ်။
2 years Ago

September 3, 2018

အီရတ်တွင် ဆန္ဒပြသူ ၃၀၀၀ ခန့်ကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲ

အီရတ်နိုင်ငံ တောင်ပိုင်းက ရေနံမြေမြို့ ဘတ်စ်ရာမှာ ဆန္ဒပြသူ အယောက် ၃၀၀၀ လောက်ကို ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေသုံး လူစုခွဲခဲ့ပါတယ်။ ဆန္ဒပြသူတချို့က ခရိုင်အစိုးရဌာနချုပ် အပြင်ဘက်မှာ စက်တင်ဘာ ၂ ရက်နေ့က တာယာတွေကို မီးရှို့ခဲ့တာပါ။ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ ဆန္ဒပြသူတွေကြား တွန်းထိုးတိုက်ခိုက်မှု အနည်းငယ် ဖြစ်ခဲ့ပေမယ့် အပြင်းအထန် ဒဏ်ရာရတာမျိုး မရှိဘူးလို့ သိရပါတယ်။ အဂတိလိုက်စားမှုနဲ့ ပြည်သူ့ဝန်ဆောင်မှု ညံ့ဖျင်းတာတွေကြောင့် နိုင်ငံတောင်ပိုင်းမြို့တွေမှာ မတည်ငြိမ်မှု တိုးလာနေတာပါ။ အီရတ်ရဲ့ အကြီးစားရေနံမြေ နာဟီယာ ဘင် အိုမာရဲ့ အဓိကဝင်ပေါက်မှာလည်း ဆန္ဒပြသူ အယောက် ၁၅၀ လောက်ကို လူစုခွဲဖို့ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေကို သုံးခဲ့တယ်လို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။ အီရတ်တောင်ပိုင်းဟာ ရှီးယိုက်မွတ်စလင် အများစုနေထိုင်ပြီး ကာလကြာရှည် လျစ်လျူရှုခံထားတယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။ သင့်တော်တဲ့ အစိုးရဝန်ဆောင်မှုနဲ့ အလုပ်အကိုင် ရှားပါးပြတ်လပ်နေသလို တောင်ပိုင်းတလွှား လျှပ်စစ်မီး ကျယ်ကျယ်ပြန့်ပြန့် ပြတ်တောက်နေတယ်၊ အဂတိလိုက်စားမှု ထူပြောနေတယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
3 years Ago
Up