မျက်မမြင်ပရိသတ်

A d v e r t i s e m e n t With Us

June 5, 2019

မျက်မမြင်ပရိသတ် ထိုင်ခဲ့သည့်နေရာတွင် ဗလင်စီယာအသင်း ကြေးရုပ်တု ထုလုပ်ထားရှိ

ဘောလုံးပွဲတပွဲကို လာရောက်ကြည့်ရှုကြသူတွေထဲမှာ မျက်မမြင်ပရိသတ် မရှိသလောက် ရှားပါးပြီး ကွင်းထဲက အဖြစ်အပျက်တွေကို မျက်မြင်ကိုယ်တွေ့ ကြည့်ချင်လို့သာ လာရောက် ကြည့်ရှုကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပါရီစီယိုလို့ အမည်ရတဲ့ စပိန်ကလပ် ဗလင်စီယာအသင်းရဲ့ မျက်မမြင် ပရိသတ်တဦးကတော့ ၁၉၉၄ ခုနှစ်ကတည်းကနေ ကွယ်လွန်သွားတဲ့ အချိန်အထိ တရာသီစာ လက်မှတ်ဝယ်ယူပြီး သူ့ရဲ့သားဖြစ်သူနဲ့အတူ လာရောက်အားပေးခဲ့ပါတယ်။ အပါရီစီယိုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကတည်းက မျက်စိအာရုံကြောတခုကို ခွဲစိတ်ပြီး စွန့်ပစ်လိုက်ရလို့ မျက်မမြင် ဖြစ်ခဲ့ရတာပါ။ သူအားပေးတဲ့အသင်းကို မျက်မြင်ကိုယ်တွေ့ အားမပေးနိုင်တော့ပေမယ့်လည်း ကွင်းထဲက အသံတွေကို ကြားချင်တာကြောင့် ၁၉၉၄ ခုနှစ်ကစပြီး ၂၀၁၇ ခုနှစ်အထိ ဗလင်စီယာအသင်းရဲ့ အိမ်ကွင်းပွဲတိုင်းကို သွားရောက် အားပေးခဲ့တာဖြစ်ပါတယ်။ အပါရီစီယိုဟာ ၂၀၁၇ ခုနှစ်က ကွယ်လွန်သွားခဲ့ပြီး သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ သူထိုင်ပြီး ကြည့်ရှုခဲ့တဲ့ ကွင်းအလယ်တန်း အမှတ် ၁၅ က ခုံနံပါတ် ၁၆၃ နေရာမှာ အပါရီစီယိုရဲ့ ကြေးရုပ်တုကို ဗလင်စီယာအသင်းက ထုလုပ်ပြီး ထားရှိခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် ဗလင်စီယာအသင်း လာလီဂါဖလားနဲ့ ဥရောပဖလား ရရှိခဲ့ချိန်ကတော့ မျက်မမြင်ပရိသတ် အပါရီစီယိုအတွက် အပျော်ဆုံးအချိန် ဖြစ်ခဲ့တယ်လို့ သူ့ရဲ့သားဖြစ်သူက ပြန်လည်ပြောပြပါတယ်။
2 years Ago
Up