မျက်စိဖြင့် မမြင်နိုင်သည့် ညစ်ညမ်းဓာတ်ငွေ့ကို ပြသမည့် အနီအောက်ရောင်ခြည်ကင်မရာ (ရုပ်သံ)

October 22, 2016

မျက်စိဖြင့် မမြင်နိုင်သည့် ညစ်ညမ်းဓာတ်ငွေ့ကို ပြသမည့် အနီအောက်ရောင်ခြည်ကင်မရာ (ရုပ်သံ)

ကောင်းကင်မှာမီးခိုးတွေဝေနေတဲ့ ဗြိတိန်ရဲ့စက်မှုအတိတ် ပျောက်ကွယ်သွားခဲ့တာကြာပါပြီ။ ဒါပေမယ့် မမြင်နိုင်တဲ့အဆိပ်ငွေ့တွေဟာ စိုးရိမ်ဖွယ်ရာ အဓိကအကြောင်းတစ်ခုဖြစ်နေဆဲပါ။ ခုတော့ အဆင့်မြင့် အနီအောက်ရောင်ခြည်ကင်မရာက လူ့မျက်စိနဲ့မမြင်နိုင်တဲ့ ညစ်ညမ်းဓာတ်ငွေ့ကို ဖော်ထုတ်ပြသနိုင်ပြီ ဖြစ်ပါတယ်။ "ကျနော်တို့ တွေ့ထားတာကတော့ ဒီကင်မရာနဲ့ဆိုရင် မမြင်နိုင်တဲ့ဓာတ်ငွေ့တွေကို မြင်နိုင်ပါတယ်။ ဒီနေ့ခေတ်မှာ လူတွေက သတင်းစာတွေဖတ်တိုင်း ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချဖို့ ကာဗွန် ဒိုင်အောက်ဆိုက်လျှော့ချဖို့ပြောနေကြတယ်။ ဒါပေမယ့် လူ့မျက်စိနဲ့မမြင်နိုင်ဘူး။ ဒီတော့ ကျနော်တို့ရဲ့ နည်းပညာဟာ ဒါတွေကို မြင်လာအောင်စွမ်းဆောင်နိုင်တဲ့အတွက် လူပြောများနေတဲ့ ဒီဓာတ်ငွေ့တွေ ကို လူတွေသတိထားမိအောင် စွမ်းဆောင်ပေးမှာပါ။" လို့ Flir ရဲ့ လုပ်ငန်းဖွံ့ဖြိုးရေး မန်နေဂျာ အန်ဒရီရာစ်ဇင်စ်စမီစတာက ပြောပါတယ်။ ဒီလိုကင်မရာမျိုးတွေကို ပုံမှန်ဆိုရင် စက်ရုံတွေမှာ CO2 ယိုစိမ့်မှုကို စစ်ဆေးဖို့ သုံးတာပါ။ ဒါပေမယ့် သူက ညစ်ညမ်းဓာတ်ငွေ့တွေရဲ့ သိပ်သည်းဆနဲ့ ပင်ရင်းကနေ လေထုထဲ ဘယ်လိုပျံ့သွားလဲဆိုတာပါ ပြသ ပေးနိုင်ပါတယ်။ အန်ဒရီရာစ်ဇင်စ်စမီစတာက "ပထမဆုံး မီးခိုးအဆကိုပြတဲ့ ပုံရိပ်ကို မြင်ရမယ်။ နောက်တော့ တစ်ခြားအတိုင်းအတာတွေကို ဆက် ကြည့်လို့ရတယ်။ အတိုင်းအတာတိုင်းမှာ ကွဲပြားတဲ့ပုံရိပ်တွေမြင်ရမှာဖြစ်သလို အနိမ့်အမြင့်ကွားခြား ချက်တွေကို သဲသဲကွဲကွဲဖော်ထုတ်ပေးမှာပါ။" ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တစ်ကမ္ဘာလုံးမှာ လူသန်းပေါင်းများစွာ အရွယ်မတိုင်ခင် သေဆုံးရတာဟာ လေထုညစ်ညမ်းမှုနဲ့ ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ်။ အဆိပ်ဓာတ်ငွေ့တွေဘယ်မှာစွဲကျန်နေလဲ ဆိုတာကို မျက်ဝါးထင်ထင်မြင်ရတဲ့အတွက် လူထုအဖို့ သိပ်အကျိုးရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ "ပြဿနာက ဒီနေ့ခေတ်မှာ ၁၉၅၀ နဲ့ ၆၀ ခုနှစ်တွေတုန်းကလို လေထုညစ်ညမ်းမှုကို မမြင်ရတော့တဲ့ အဖြစ်ပါ။ အဲ့တုန်းကဆိုရင် နည်းနည်းတော့ မြင်ရသေးတာပေါ့။ ခုခေတ်ကျတော့ လူထုကို ဒီအချက် အလက်တွေချပြဖို့ သိပ်ခက်လာတယ်။ ဘာလို့လဲဆိုတော့ လေထုညစ်ညမ်းနေတာကို မြင်မှမမြင်ရ တာ။ ဒါကြောင့် ဒီနည်းပညာက လူတွေအဖို့ ဒီဓာတ်ငွေ့တွေကို မြင်လာအောင် လူထုကြား အချက် အလက်တွေ ပျံ့နှံ့အောင် ကူညီပေးတော့မှာပါ" လို့ ကင်းစ်ကောလိပ်က လေထုအရည်အသွေးပိုင်းဆိုင်ရာ ပါမောက္ခ မာတင်ဝီလျမ်စ်က ပြောပါတယ်။
5 years Ago
Up