မုံးကိုးလ၀ကရုံးတွင် ပေါက်ကွဲမှုဖြစ်ပွား

A d v e r t i s e m e n t With Us

October 2, 2015

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးလ၀ကရုံးတွင် ပေါက်ကွဲမှုဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ညက ကြိုတင်လာရောက် ချထားတယ်လို့ ယူဆရတဲ့ ဗုံးပေါက်ကွဲမှု  ၂ ကြိမ်ဖြစ် ပွားတယ်လို့ မူဆယ်ခရိုင် ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တာဝန်ကျဝန်ထမ်းတစ်ဦးမှ ဒီဗွီဘီ ကို ပြောပါတယ်။ “အဲဒီနေ့က ည ၈ နာရီ မိနစ် ၄၀ မှာ တကြိမ်၊ ည ၉ နာရီမှာတကြိမ် ပေါက်ကွဲမှုဖြစ်တယ်လို့ မုံးကိုး မှာရှိတဲ့ ပြန်/ဆက်အဖွဲ့ဝင်တစ်ဦးက သတင်းပို့ထားပါတယ်။ အဆောက်အဦ နည်းနည်းပါးပါး ပျက်စီးတာကလွဲလို့ ထိခိုက်ဒဏ်ရာရသူ ဘယ်သူမှ မရှိပါဘူး။ ကြိုတင်လာချထားတဲ့ ဗုံးလို့ ယူဆရတယ်”လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး  ဒီဗွီဘီက မုံးကိုးရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ကျ ၀န်ထမ်းတစ်ဦးက ဒီပေါက်ကွဲမှုဟာ  နိုင်ငံရေးကိစ္စတွေ ဖြစ်တဲ့အတွက် သတင်းပေးခွင့်မရှိဘူးလို့  ပြန်လည်ဖြေကြားခဲ့ပါတယ်။  
5 years Ago
Up