မုံရွာမြို့ ဆိပ်ကမ်းသာတည်းခိုခန်းတွင်

March 17, 2017

မုံရွာမြို့ ဆိပ်ကမ်းသာတည်းခိုခန်းတွင် လူသတ်မှုဖြစ်

မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ ဆိပ်ကမ်းသာတည်းခိုခန်းအတွင်း မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အသတ်ခံရသူ ဒေါ်နှင်းမှာ မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး တည်းခိုခန်းကောင်တာရှေ့ ထိုင်နေချိန် တူဖြစ်သူ ရဲဝင်းထွန်းနဲ့ လူမှုရေးကိစ္စ စကားများကြပြီး တူဖြစ်သူက တည်းခိုခန်းအပြင်ထွက်သွားပြီးနောက် မကြာခင် ပြန်ရောက်ရှိလာပြီး အရိုးအသွား ၁၁ လက်မခွဲလောက်ရှိတဲ့ ဓားမြှောင်နဲ့ ၄ ချက်ဆင့် ထိုးသွင်းခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူမှာ ရင်ညွှန့်ထိုးသွင်းဒဏ်ရာ ၁ ချက်ညာလက်ဖျံပြတ်ရှဒဏ်ရာ ၁ ချက်၊ ညာတံတောင် ထိုးသွင်းဒဏ်ရာ ၁ ချက်တို့နဲ့ သေဆုံးသွားခဲ့တာပါ။ အဆိုပါ လူသတ်မှုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး သေဆုံးသူ ဒေါ်နှင်းရဲ့ သမီးဖြစ်သူ မစန္ဒီအောင်မှ တရားလို ပြုလုပ်တိုင်ကြားရာ မုံရွာမြို့မရဲစခန်းမှ တရားခံ ရဲဝင်းထွန်းအား ရာဇသတ်ကြီး ပုဒ်မ-၃၀၂ နဲ့ အရေးယူထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတုန်းက မုံရွာမြို့ ရုံးကြီးရပ်ကွက်ရှိ တည်းခိုခန်း ၁ ခုအတွင်း ပုပ်ပွနေတဲ့ လူသေအလောင်း ၁ လောင်း တွေ့ရှိခဲ့ရပြီး ယခုချိန်ထိ တရားခံဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရပါတယ်။ သတင်း - ရန်နိုင်စိုး
5 years Ago
Up