ရှစ်လေးလုံး အရေးတော်ပုံ ၂၉ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းနားကို ဒီနေ့မနက်က မုံရွာမြို့ရှိ ချင်းတွင်းအင်စတီကျုရုံးမှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ ရှစ်လေးလုံးအရေးအခင်း အောက်မေ့ဖွယ်အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဟောပြောတာ၊ ကဗျာရွတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို မုံရွာမြို့မှ အရပ်ဘက်လူမှုအဖွဲ့စည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ မြို့ခံပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ - ရန်နိုင်စိုး
5 years Ago