မုံရွာမြို့က

February 15, 2017

မုံရွာမြို့က ကျား၊မ တန်းတူရေး အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှု (သတင်းဓာတ်ပုံ)

စစ်ကိုင်းတိုင်း မုံရွာမြို့၊ လူစည်ကားရာ နေရာတွေမှာ Future Light အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှု၊ YMCA ခရစ်ယာန်လူငယ်များအသင်း၊ မာရီစတုပ်အင်တာနေရှယ်နယ်တို့ ပူးပေါင်းပြီး အမျိုးသမီး အကြမ်းဖက်ခံရမှု ပပျောက်ရေး၊ သက်ငယ်မုဒိမ်းတွေ ပပျောက်ရေး၊ ကျား၊ မ တန်းတူညီမျှရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းက လှုပ်ရှားမှုတခုကို မြို့ထဲ လှည့်လည်ပြုလုပ်ခဲ့ပါတယ်။ မုံရွာမှာ ပထမဆုံးအကြိမ် လှုပ်ရှားမှုပြုလုပ်တာဖြစ်ပြီး တီရှပ်ဆင်တူဝတ်ဆင်ကာ ဖျော်ဖြေရေး၊ လက်ကမ်းစာစောင် ဖြန့်ဝေတာ၊ စတစ်ကာဖြန့်ဝေတာတွေကို လူငယ် ၁၅၀ လောက် ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်ကိုလတ်
4 years Ago
Up