မုံရွာ

A d v e r t i s e m e n t With Us

June 27, 2019

မုံရွာတွင် အမျိုးသား ၁ ဦး မိုးကြိုးအပစ်ခံရ၍ သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အလုံမြို့၊ ရွှေပြည်အေးရပ်ကွက်၊ အမှတ် ၁ ဇီးတောကျေးရွာအနီး အုတ်စက်မှာ နေထိုင်သူတဦး ဇွန် ၂၆ ရက် ညနေပိုင်းက မိုးကြိုးထိမှန် သေဆုံးခဲ့ပါတယ်။ သေဆုံးသူက အသက် ၅၇ နှစ်အရွယ် ဦးကျော်မြင့်ဆိုသူဖြစ်ပြီး မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကနေလာရောက်ကာ NH အုတ်စက်မှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။ မိုးကြိုးထိမှန်လို့ ဦးကျော်မြင့်ရဲ့ ခေါင်းမှာ ဆောင်းထားတဲ့ဦးထုပ်နဲ့ ဝတ်ဆင်ထားတဲ့ အင်္ကျင်္ိ မီးလောင် စုတ်ပြဲသွားခဲ့သလို ခန္ဓာကိုယ်ဝဲနံဘေးမှာလည်း မီးလောင်စုတ်ပြဲဒဏ်ရာတွေ ရရှိကာ နေရာတင်သေဆုံးခဲ့တာလို့ မုံရွာမြို့မစန်းမှူး ဒုရဲမှုးဝင်းနိုင်က ပြောပါတယ်။ “သတင်းကြားကြားခြင်း အခင်းဖြစ်ရာကို သွားရောက်စစ်ဆေးခဲ့တယ်။ သူက တယောက်ထဲနေတာပေါ့။ မိုးရွာတဲ့အချိန်မှာ အပြင်ထွက်တာကနေ အခုလိုဖြစ်သွားတာပါ။ စခန်းမှာတော့ သေမှုသေခင်းဖွင့်ပြီး အလောင်းကိုတော့ မုံရွာဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ထားပါတယ်” အခုလိုမိုးကြိုးပစ်သေဆုံးမှုက မုံရွာမြို့မှာ ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။  သေဆုံးမှုကိုတော့ မုံရွာမြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၃၀/၂၀၁၉ နဲ့ဖွင့်ပြီး လုပ်ဆောင်နေပါတယ်။
2 years Ago

June 21, 2019

မုံရွာမြို့တွင် ပထမဆုံးအကြိမ်အဖြစ် Food Box ထားရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ ဘုန်စိုးကျောင်းဝင်းအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အခမဲ့စားသုံးနိုင်တဲ့ Food Box ကို ရပ်ကွက်လူငယ်တွေက ဇွန် ၂၁ ရက်မှာ ထားရှိခဲ့ကြပါတယ်။ ဝေဖာ၊ မုန့်၊ သရက်သီး၊ ငှက်ပျောသီးနဲ့ တခြား အသင့်စား အစားအစာတွေ ၅ မျိုးထက်မနည်း ထားရှိခဲ့ကြပါတယ်။ “ကျနော့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ကျနော်တို့ ဘုန်းစိုး ကုသိုလ်ဖြစ် သန့်ရှင်းရေး လူငယ်အဖွဲ့နဲ့ ပူးပေါင်းပြီး လုပ်ဖြစ်တာပါ။ အချိန်အကန့်အသတ်မရှိ ဆက်လက် လုပ်ဆောင်သွားမှာပါ။ အခုလည်း အလှူရှင်တွေ ဆက်သွယ်လာရောက်လှုဒါန်းတာတွေ ရှိနေပါတယ်။ နောက်လ ၁ ရက်နေ့ကနေစတင်ပြီး ဗိုလ်ချုပ်လမ်း ဇောင်ကြမ်းပင် ကျောင်းရှေ့မှာလည်း တိုးချဲ့ထားရှိသွားမှာပါ” လို့ ကိုဖြိုးပြည့်စုံက ပြောပါတယ်။ လက်ရှိမှာတော့ Food Box ထားရှိပြီး နာရီပိုင်းအတွင်းမှာပင် ငွေကျပ် ၁ သောင်ကျော်ဖိုး အသင့်စား စားစရာတွေ ကုန်သွားပြီး ထပ်ဖြည့်တာတွေ လုပ်နေပါတယ်။ လိုတာထက် ပိုယူတာလည်း တွေ့ရတယ်လို့ဆိုပါတယ်။ လတ်တလောမှာတော့ လိုအပ်ရင် ဖြည့်ဆည်းပေးဖို့ စောင့်ကြည့်ပေးနေတာတွေရှိပြီး ယူတဲ့သူတွေအပေါ်မှာတော့ တစုံတရာ ကန့်ကွက်တာ၊ တားဆီးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။ Food Box အပေါ်ဘက်မှာ သင်လည်းစား၊ နောက်လူအတွက်လည်း ချန်ထား၊ လိုရင်ယူ ပိုလျှင်လှုဆိုတဲ့ စာတမ်းပါ ဗွီနိုင်းကိုလည်း ချိတ်ဆွဲထားပါတယ်။ အရင်ကလည်း မုံရွာမြို့မှာ ရောင်းသူမယ့် အအေးဆိုင်တွေ၊ ဖတ်ပြီးပြန်ထား လမ်းဘေး စာကြည့်တိုက်ငယ်တွေ ထားရှိခဲ့ပေမယ့် ရက်ပိုင်း၊ လပိုင်းအတွင်းမှာပဲ အောင်မြင်မှုမရဘဲ ကွယ်ပျောက်သွားခဲ့ဖူးပါတယ်။
2 years Ago
More News
Up