မဲ ၂ ကြိမ်ပေးခဲ့သူတွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှေ့မှာ လာရောက်ကြွေးကြော်ခဲ့သူ တွေကို အရေးယူထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း တံတားဦးမြို့နယ် ကဘိုရွာက ဦးကျော်စိုးခိုင်ဟာ ကဘိုရွာမှာ ၁ ကြိမ်၊ ကျစွယ်ရွာမှာ ၁ ကြိမ် မဲပေးခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း တာမွေမြို့နယ်က ဦးကြည်ဇင်ဟာ တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်မှာ ၁ ကြိမ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာ ၁ ကြိမ် မဲပေးခဲ့ပါတယ်။
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က ဒေါ်ဖြူဖြူဝင်းဟာ ဝါးရုံစွန်း ကျေးရွာအုပ်စုနဲ့ အင်းတိုင်ကျေးရွာအုပ်စုမှာ ၁ ကြိမ်စီ မဲပေးခဲ့ပါတယ်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က ဦးစိုးလွင်ဟာ အမှတ် ၁၂ ရပ်ကွက်နဲ့ အမှတ် ၅ ရပ်ကွက်တို့မှာ မဲ ၁ ကြိမ်စီပေးခဲ့ပါတယ်။
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်က ဦးမြင့်ဝင်းဟာ ခနောင်ရွာနဲ့ မလေးကြီးကုန်းရွာတို့မှာ မဲ ၁ ကြိမ်စီပေးခဲ့ပါတယ်။
ပြီးတော့ ရန်ကုန်းတိုင်း၊ လှည်းကူးမြို့နယ် ဖောင်ကြီး အနောက် ကျေးရွာအုပ်စု မဲရုံအမှတ် ၃ မှာ မဲပေးခွင့်ပြုခဲ့တာကို မကျေနပ်လို့ ဦးထွန်းထွန်းဦး၊ ဦးသီဟအောင်၊ ဒေါ်လွင်မြတ်နိုးတို့ ဦးဆောင်တဲ့ လူအယောက် ၇၀ လောက်ဟာ လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့မှာ ကား ၅ စီးနဲ့ လာရောက်စီတန်း ကြွေးကြော်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူတို့ကို သက်ဆိုင်ရာရဲစခန်းတွေမှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၉၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ တို့နဲ့ အမှုဖွင့်ထားပါတယ်။
2 years Ago