မဲရုံပြင်စရိတ်

February 28, 2017

ကြားဖြတ်ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ မဲပေးနိုင်ရန် မဲရုံပြင်စရိတ် တိုးမြှင့်

  ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေ မဲပေးနိုင်ဖို့အတွက် မဲရုံတွေ ပြင်ဆင်တာ ကို ကျပ် ၃ သောင်းကနေ ၅ သောင်းအထိ တိုးမြှင့်ပေးထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးတင်ထွန်းက ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန်မြို့မှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လှိုင်သာယာ၊ ကြည့်မြင်တိုင် ကော့မှူး၊ မုံရွာနဲ့ ထန်တလန်မြို့နယ်တွေမှာ မသန်စွမ်းသူများအကျုံးဝင်မဲရုံတွေပေါ်ပေါက်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့တို့ ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူ လူဦးရေ ၂.၃ သန်းခန့်ရှိပြီး အဲဒီထဲက ၁၅ သိန်းဟာ အသက် ၁၈ နှစ်အထက် မဲပေးနိုင်ခွင့်ရှိသူတွေလို့ သိရပါတယ်။
4 years Ago
Up