မဲသဝေါ

A d v e r t i s e m e n t With Us

September 28, 2017

မဲသဝေါတွင်တိုက်ပွဲဖြစ်ပွား၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် မဲသဝေါဒေသ၊ ၀ုသောပူ့ နယ်ခြားစောင့်တပ်စခန်ကုန်းကို ဒီကေဘီအေ ခွဲထွက်အဖွဲ့က စက်တင်ဘာ ၂၇ ရက် ညသန်းခေါင် အချိန်လောက်က အလစ်အငိုက် ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။ ဒီနေ့လည်း စစ်ကူလိုက်တဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ထပ်ဖြစ်နေဆဲ ဖြစ်ပြီး ဒီကေဘီအေခွဲထွက် ဗိုလ်ဘီ ဦးဆောင်ပြီးလာတယ်လို့ ကြားရကြောင်း ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။ ဒီကေဘီအေခွဲထွက်အဖွဲ့ဖက်က ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွေ ရှိခဲ့တာကို လက်တွေ့မှာ လုပ်ဆောင်ဖို့နဲ့ သေနတ်တွေ ဘေးချပြီးတော့ လက်ဆွဲနှုတ်ဆက်စကား ပြောဆိုဖို့ လိုအပ်နေပြီး အမြဲတမ်း သွေးဆာနေတဲ့ လက်နဲ့တော့ ဘယ်တော့မှ ငြိမ်းချမ်းရေးကတော့ ရမှာမဟုတ်ဘူး”လို့လည်း ပြောဆိုသွားပါတယ်။ တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို ဗိုလ်မှူး စောသက်နိုင်ဦး( ဒီကေဘီအေ ဌာနချုပ် )က အတည်ပြု ပြောဆိုထားပါတယ်။ ဒီကေဘီအေဘက်က ဒုဗိုလ်စောလော်အဲ၊ ဒုဗိုလ် ပယိုးကြေး၊ ဒုဗိုလ် ပလော့ဘော ဦးစီးတဲ့ အင်အား ၁၇ ယောက်က နယ်ခြားစောင့်တပ်ရင်း ၁၀၂၀ တပ်ရင်းက ဗိုလ်သံကြိုးအဖွဲ့ စခန်းချနေတဲ့ ၀ုသောပူ ဗိုလ်ခြမ်း နေအိမ်ကို မိနစ် ၃၀ လောက်အကြာ ၀င်ရောက်တိုက်ခဲ့ရာမှာ နယ်ခြားစောင့်တပ်ဘက်က အေကေ ၂ လက်၊ ကျည်ကပ်မျိုးစုံ ၁၅ ကပ်၊ ဗုံးသီး ၂၂ လုံး၊ ကိုးမမ ပစ္စတို ၁ လက်၊ အေအာအီကွေးမင်း ၃ စုံ၊ ကျောပိုးအိပ် ၃ လုံး သိမ်းဆည်း ရမိတယ်လို့လည်း ဆိုပါတယ်။ မဲသဝေါ ဒေသမှာ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာပြီး မြိုင်ကြီးငူစစ်ဘေးရှောင် စခန်းကို စစ်ဘေးရှောင်ဖို့ လူဦးရေ ၅၀၀၀ လောက် ရောက်ရှိနေတာ ၁ နှစ်နီးပါး ရှိပြီ ဖြစ်ပါတယ်။
3 years Ago

September 23, 2016

မိုင်းရှင်းလင်းရေးမလုပ်သေးသဖြင့် မဲသဝေါဒေသခံများ အိမ်မပြန်သင့်ဟု နယ်ခြားစောင့်တပ်ပြော

ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကရင်ပြည်နယ် မဲသဝေါ်ဒေသမှာ မိုင်းရှင်းလင်းရေး မဆောင်ရွက်နိုင်သေးတာကြောင့် ဒေသခံတွေအနေနဲ့ အိမ်မပြန်သင့်သေးဘူးလို့ နယ်ခြားစောင့်တပ်ဖွဲ့ကပြောပါတယ်။ ကရင်ပြည်နယ် မဲသဝေါဒေသမှာ အစိုးရတပ်မတော်၊ နယ်ခြားစောင့်တပ်နဲ့ DKBA ခွဲ့ထွက်အဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့လို့ ရွာပေါင်း ၂၀ ကျော်က ပြည်သူ ၄ ထောင်လောက် စစ်ဘေးရှောင်နေရတာပါ။ အခုတော့ အဲဒီဒေသမှာ တိုက်ပွဲတွေမရှိတော့ဘူးလို့ဆိုပေမယ့် တောင်ယာထဲ၊ လမ်းဘေး၊ လမ်းအောက်တွေ ထောင်ထားတဲ့ မိုင်းတွေ များပြားလွန်းတာကြောင့် ပြန်လာမယ့် ရွာသားတွေကို အန္တာရာယ်ဖြစ်စေနိုင်တယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့ က ဒီဗွီဘီ ကိုပြောပါတယ်။ “လတ်တလာ အခြေအနေမှာ မိုင်းရှိတဲ့နေရာတွေကို ဒီနေ့သိတဲ့အတိုင်းပဲ မိုင်းရှိတဲ့နေရာတွေကို အမှတ်အသား ထောင်ထားပါတယ်။ အခုက ရှင်းလို့ကို တော်တော်မကုန်နိုင်သေးတာပါ။ တလမ်းလုံးမှာတွေ့မှာပါ။ မိုင်းတွေက တလမ်းလုံးလိုလို ဖြစ်နေတယ် အဲဒါကြောင့် လူထုတွေလည်း ဒီမှာ ကတာရာလမ်းကလွဲပြီး တခြားနေရာ မသွားစေချင်သေးဘူးပေါ့နော်။ ဆက်လက်ပြီးတော့လဲ ကျနော်တို့က ရှင်းတာတော့ ရှင်းရမယ်။ လူထုအတွက်တော့ အချိန်ယူပြီးတော့ ရှင်းရမယ်။” လို့ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။ အခုတော့ မဲသဝေါရွာမှာ ရွာသား ၅၀ လောက် ရွာကိုပြန်လာနေကြပြီး ရွာသူကြီးကတော့ ပြန်လာတဲ့ သူတွေ သတိရှိရှိနဲ့ သွားလာကြဖို့ မပြန်လာသေးတဲ့သူတွေလည်း တာဝန်ရှိသူတွေ နယ်မြေရှင်းလင်းရေးဆောင်ရွက်ပြီးမှ ပြန်လာဖို့ တိုက်တွန်းထားပါတယ်။ “အခုအချိန်မှာတော့ မနေသင့်ဘူးလို့ ကျနော်မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိုင်းတွေရှိနေတဲ့အတွက် ရွာသားတွေ အခက်အခဲရောက်မှာကိုလည်း ကျနော်ကြောက်တာပေါ့။” လို့ မဲသဝေါ်ရွာ အုပ်ချုပ်ရေးမှူး ဦးမြတ်စိုးက ပြောပါတယ်။ “ကျနော်တို့ အခုတိုက်ပွဲပြီးလို့ နယ်မြေရှင်းလင်းရေးတွေလုပ်တယ် လုပ်နေရင်းနဲ့ တဘက်က ရွာသူရွာသားတွေ လက်ရှိသူတို့လုပ်နေတဲ့ တောင်ရာလုပ်ငန်းတို့ သူတို့ပုံမှန်လုပ်နေတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် မိုင်းတွေ တအားများတဲ့အတွက် ကျနော်တို့ ရွားသားတွေလုပ်ကိုင်နေတဲ့ တောင်ရာတွေကို ဦးစားပေးပြီး မိုင်းရှင်းလင်းသွားမှာပါ။” လို့ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။ ပြီးခဲ့တဲ့ စက်​တင်​ဘာ ၁၆ ရက်​​နေ့က စတင်​ပြီး နယ်​​မြေရှင်းလင်း​ရေး လုပ်​​​ဆောင်​ခဲ့တာဖြစ်​ပြီး စက်​တင်​ဘာ ၂၀ ရက်​​နေ့မှာ​တော့ မဲသ​ဝေါ​ဒေသအထိ နယ်​​မြေရှင်းလင်းရေး လုပ်​ငန်း​တွေ လုပ်​ဆိုင်​​နိုင်​ခဲ့တာ ဖြစ်​တယ်​လို့ BGF အဖွဲ့က ဗိုလ်​မှူး ခင်​​မောင်​ဝင်းက ပြောဆိုထာတာတွေရှိခဲ့ပါတယ်​။ လက်ရှိစစ်ရှောင်ပြည်သူတွေကို မြိုင်ကြီးငူဒေသမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ဓမ္မာရုံတွေမှာ နေရာချထားပေးပါတယ်။ စစ်ဘေးဒုက္ခသည်တွေကို မြိုင်ကြီးငူဆရာတော်နဲ့ အရပ်ဘက်အဖွဲ့တွေ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး အစားအသောက်နဲ့ အသုံးအဆောင်တွေ လှူဒါန်းပေးထားပါတယ်။
4 years Ago

မဲသဝေါ နယ်မြေရှင်းလင်းစဉ် တပ်မတော် အရာရှိစစ်သည်တချို့ ကျဆုံးဒဏ်ရာရ

ကရင်ပြည်နယ်မဲသဝေါဒေသမှာ ကလိုထူးဘောကရင်အစည်းအရုံး (KK0) ခွဲထွက်အဖွဲ့တွေနဲ့ မနေ့ကထိ တိုက်ပွဲ ၁၉ ကြိမ်ဖြစ်ပွားပြီး တပ်မတော်ဘက်က အရာရှိစစ်သည်တချို့ ကျဆုံး ဒဏ်ရာရ ခဲ့တယ်လို့ စစ်တပ်ပိုင် မီဒီယာ မြ၀တီက သတင်းထုတ်ပြန်ပါတယ်။ ကရင်လက်နက်ကိုင်အဖွဲ့ဘက်ကလည်း တပ်ရင်းမှူး အဆင့်ရှိသူ၁ ဦးအပါအ၀င် ၄ ဦး သေဆုံးကာ ဗိုလ်ကြီးအဆင့်ရှိသူ တဦးကိုအရှင်ဖမ်းမိပြီး လက်နက် ၇ လက်၊ မော်တော်ယာဉ် ၂ စီး၊ ထော်လာဂျီ ၁ စီး၊ ဆိုင်ကယ် ၄ စီးနဲ့ ကျည်မျိုးစုံ ၁၁၇၉ တောင့် သိမ်းဆည်း ရမိတယ်လို့ သတင်းမှာဖော်ပြပါတယ်။ အစိုးရတပ်မတော်က မယ်သဝေါဒေသမှာ နယ်မြေရှင်းလင်းမှုတွေကို စက်တင်ဘာ ၁၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၉ ရက်မှာ မြိုင်ကြီးငူ- မဲသဝေါ ကားလမ်းတစ်လျှောက်ရှိ (KKO) ခွဲထွက်အဖွဲ့ အခြေစိုက် လှုပ်ရှားတဲ့ စခန်းတွေအားလုံးကို ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ပြီလို့လည်း ဆိုပါတယ်။ အလားတူ စက်တင်ဘာ ၂၁ ရက်က ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ကဇူးကျေးရွာအနားမှာ တပ်မတော်စစ်ကြောင်းက ပုံမှန်လုံခြုံရေးဆောင်ရွက်စဉ် KIA လက်နက်ကိုင်အဖွဲ့က ဆွဲမိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိခဲ့တယ်လို့လည်း စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ ဓာတ်ပုံ - မြ၀တီ
4 years Ago
More News
Up