မဲလ်ဘုန်းပါ့ခ်တင်းနစ်ကွင်း

January 16, 2020

သြစတြေးလျ တောမီးသင့်ပြည်သူများအတွက်  တင်းနစ်ပြိုင်ပွဲကျင်းပ 

သြစတြေးလျ တောမီးသင့်ပြည်သူတွေအတွက် ရန်ပုံငွေပွဲအဖြစ်  ဇန်နဝါရီ ၁၅ ရက်က ကမ္ဘာ့တင်းနစ်အကျော်အမော်တွေ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ မဲလ်ဘုန်းပါ့ခ်တင်းနစ်ကွင်းမှာ ယှဉ်ပြိုင်သူတွေထဲ  ဆရီနာဝီလျံ ၊ ရာဖဲလ်နာဒယ်နဲ့ နိုဗက်ဂျိုကိုဗစ်တို့ ပါဝင်ကစားခဲ့ပါတယ်။ လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲမှာလည်း သူတို့သုံးယောက်စလုံး ယှဉ်ပြိုင်ကြမှာပါ။ နိုင်ငံတဝန်း ဖြစ်နေတဲ့ တောမီးအကျိုးဆက်အနေနဲ့ မဲလ်ဘုန်းမြို့ လေထုအရည်အသွေးကျဆင်းနေတာကြောင့် တံခွန်စိုက်ပြိုင်ပွဲ အတွက် လက်ရည် စစ်ပွဲကို ထိခိုက်စေပါတယ်။  သြစတြေးလျ တောမီးကြောင့် လူ့အသက်တွေ ဆုံးရှုံးခဲ့သလို ဒေါ်လာ ဘီလီယံနဲ့ချီပြီး တော့လည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ တောမီးရန်ပုံငွေပွဲမှာ ဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဆရီနာဝီလျံက သြစတြေးလျဟာ အနှစ် ၂၀ လုံးလုံး သူ့နေအိမ်ဖြစ်ခဲ့ပြီး ဒီကွင်းမှာလည်း သူဟာ ပြိုင်ပွဲအများအပြား ယှဉ်ပြိုင်ခဲ့တာမို့ ဒီည ရန်ပုံငွေပွဲမှာ လာရောက်ကူညီတာ ဖြစ်တယ်လို့ ပြောပါတယ်။
1 year Ago
Up