မဲလ်ဘုန်းမြို့ ဈေးဝယ်စင်တာတခုပေါ် လေယဉ်ပျက်ကျသွားသည်ရုပ်သံ ထွက်ပေါ်

February 23, 2017

မဲလ်ဘုန်းမြို့ ဈေးဝယ်စင်တာတခုပေါ် လေယဉ်ပျက်ကျသွားသည်ရုပ်သံ ထွက်ပေါ်

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ဈေးဝယ်စင်တာတခုပေါ် လေယဉ်ပျက်ကျခဲ့လို့ ၅ ဦးသေဆုံးခဲ့ပါတယ်။ အခင်းဖြစ်ရာ အနီးနေထိုင်သူ ကိန်း-အို-တူးလ် ဆိုသူက လေယာဉ်ပျက်ကျအပြီး ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းနေပုံကို ချက်ချင်းမှတ်တမ်း တင်ရိုက်ကူးခဲ့တဲ့ ဗွီဒီိယိုမှတ်တမ်းကို ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ အခင်းဖြစ်ချိန်မှာ အဆောက်အဦမီးလောင်ပေါက်ကွဲတဲ့အသံတွေကို အတိုင်းသားကြားရပြီး အပူဓာတ်ကိုပါ အဝေးကနေ ခံစားခဲ့ရတယ်လို့ ဗွီဒီိယိုမှတ်တမ်းရိုက်ကူးသူ ကိန်းက ပြောပါတယ်။ အဲဒီလေယဉ်ငယ်ပျက်ကျမှုကြောင့် လေယဉ်ပေါ်လိုက်ပါလာသူ အမေရိကန်နိုင်ငံသား ၄ ဦးနဲ့ လေယဉ်မောင်းသူ ၅ ဦးလုံး သေဆုံးခဲ့ပါတယ်။
4 years Ago
Up