အမေရိကန် သမ္မတရွေးကောက်ပွဲ မဲတွေကို ရေတွက်နေတဲ့ ပင်ဆာဗေးနီးယားက ကွန်ဗင်းရှင်းစင်တာကို တိုက်ခိုက်ဖို့ ကြံစည်မှု တစ်ခု ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။
လက်နက်ကိုင်လူတွေပါတဲ့ ဟမ်းမားယာဉ်တစ်စီး ဗာဂျီးနီးယားကနေ မောင်းလာတဲ့ သတင်းကို ဖီလာဒဲဖီးလားရဲတပ်ဖွဲ့က ကြိုရခဲ့ပါတယ်။
သူတို့ဟာ အဲဒီကွန်ဗင်းရှင်းစင်တာကို တိုက်ခိုက်ဖို့ စီစဉ်ထားတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ရရှိတဲ့သတင်းနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က လူ တစ်ယောက်ထက်မနည်း ထိန်းသိမ်းခဲ့ပြီး အဆိုပါ ဟမ်းမားယာဉ်နဲ့ လက်နက်တွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။
ဒီဖော်ထုတ်ရရှိတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရသူ မရှိခဲ့သလို တိုက်ခိုက်ဖို့ ကြံစည်တာနဲ့ပတ်သက်ပြီး အသေးစိတ်ကိုလည်း မသိရသေးပါဘူး။
ထောင်နဲ့ချီတဲ့ စာတိုက်မဲတွေ ရေတွက်ရာမှာ ရွေးကောက်ပွဲဝန်ထမ်းတွေ ကြာနေတာမို့ နိုဝင်ဘာ ၅ ရက် အစောပိုင်းက ထရမ့်နဲ့ဘိုင်ဒင် ထောက်ခံသူ နှစ်ဖွဲ့စလုံးဟာ ဖီလာဒဲဖီးယားမှာ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။
အဲဒီ စာတိုက်မဲတွေဟာ ပင်ဆာဗေးနီးယားပြည်နယ်ရဲ့ အရေးပါတဲ့ ရွေးကောက်မဲ ၂၀ အပေါ် အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်လို့လည်း ရိုက်တာအရ သိရပါတယ်။
2 years Ago