မဲရုံလုပ်ငန်းဆိုင်ရာသင်တန်းပေး (ဓာတ်ပုံ)

A d v e r t i s e m e n t With Us

October 24, 2020

ရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးများကို မဲရုံလုပ်ငန်းဆိုင်ရာသင်တန်းပေး (ဓာတ်ပုံ)

ရွေးကောက်ပွဲမှာ  မဲရုံမှူး၊ ဒုမဲရုံမှူးတွေအဖြစ် တာဝန်ယူမယ့် ဆရာ၊ ဆရာမတွေအတွက်  မဲရုံလုပ်ငန်းဆိုင်ရာသင်တန်းကို ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မင်းကွန်းကျောင်းတိုက်မှာ အောက်တိုဘာ ၂၁ ရက်က စတင်ပို့ချနေပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲရုံမှူး၊ ဒု မဲရုံမှူး၊   မဲရုံအဖွဲ့ဝင် ဆရာ၊ ဆရာမ ၁ သိန်းခွဲလောက်က တာဝန်ယူမှာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က  မဲရုံလုပ်ငန်းဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ်ပို့ချပေးနေတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုကို ကာကွယ်ဖို့နဲ့ လူစုလူဝေးမဖြစ်ဖို့ သင်တန်းတစ်ကြိမ်ကို သင်တန်းသား အယောက် ၃၀ နှုန်းနဲ့ အသုတ်ခွဲကာ  သင်တန်းပေးနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၂,၃၆၅ ယောက်၊ သေဆုံးသူ ၁,၀၃၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၂၂,၄၅၄ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Photo - Ye Myo Khant / MPA
3 months Ago
Up