မဲရုံများ

November 8, 2020

ကျိုက်ထိုမြို့ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးမှုမြင်ကွင်း (ဓာတ်ပုံ)

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့ပေါ် ရပ်ကွက်တချို့က မဲရုံတွေမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်တွေ ဒီနေ့မနက် ဆန္ဒမဲ လာရောက်ပေးနေကြပါတယ်။ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ကျိုက်ထိုမြို့နယ်အတွင်း မဲရုံပေါင်း ၉၅ ရုံနဲ့ ဆန္ဒမဲပေးနိုင်သူ ၁၃၈,၃၆၆ ဦးရှိပြီး နိုင်ငံရေးပါတီပေါင်း ၆ ခုက ကိုယ်စားလှယ်ပေါင်း ၁၇ ဦးက ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်လောင်း ဒေါက်တာအေးဇံက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ယူမင်းစိုး
1 year Ago
Up