မဲရလဒ်ကျော်လွန်

November 9, 2020

အစိုးရဖွဲ့နိုင်သည့်  မဲရလဒ်ကျော်လွန်သွားပြီဟု အန်အယ်လ်ဒီတာဝန်ရှိသူပြော

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရဖွဲ့နိုင်တဲ့ မဲရလဒ်ဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော် ၃၂၂ နေရာထက်ကျော်သွားပြီလို့ ရွေးကောက်ပွဲ အောင်နိုင်ရေး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီဗွီဘီ သတင်းဌာနကို ပြောပါတယ်။

ပါတီရုံးချုပ်ကို ရောက်ရှိလာတဲ့ စာရင်းတွေအရ ပြောဆိုတာဖြစ်ပြီး ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ ရလဒ်ထက်သာလွန်တဲ့ရလဒ် ရရှိလာဖို့အတွက် မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

အခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ယုံယုံကြည်ကြည်မဲပေးခဲ့ကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၂၀ ပါတီစုံအထွေထွေ ရွေးကောက်ပွဲနဲ့ပတ်သတ်တဲ့ အနိုင်ရလဒ်တွေကို အပြည့်အစုံ မထုတ်ပြန်သေးပါဘူး။

1 year Ago
Up