မဲမပေး

December 18, 2020

ကမ္ဘာ့အကောင်းဆုံးဆုအတွက်   ရော်နယ်ဒိုကို မက်ဆီ မဲမပေး

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် စီရော်နယ်ဒိုက မက်ဆီကို မဲပေးခဲ့ပေမဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကတော့ အကောင်းဆုံးဆုအတွက် မဲပေးရာမှာ ရော်နယ်ဒိုကို ချန်လှပ်ခဲ့ပြီး လီဝန်ဒေါစကီးကို မဲပေးခဲ့ပါတယ်။  ဖီဖာက ချီးမြှင့်တဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရွေးချယ်ရာမှာ နိုင်ငံ့လက်ရွေးစင် အသင်းခေါင်းဆောင်တွေနဲ့ နည်းပြချုပ်တွေရဲ့ မဲပေးမှုက အဓိကကျခဲ့တာပါ။  အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကတော့ မဲပေးရာမှာ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို နံပါတ်တစ်နေရာမှာ ထားခဲ့ပြီး ဒုတိယနေရာမှာ အမ်ဘာပေ ၊ တတိယနေရာမှာ လီဝန်ဒေါစကီးတို့ကို မဲပေးခဲ့တာပါ။  ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုကတော့ လီဝန်ဒေါစကီးကို နံပါတ်တစ်နေရာ၊ မက်ဆီကို နံပါတ်၂ နေရာ၊ အမ်ဘာပေကို နံပါတ်၃ နေရာမှာ ထားပြီး မဲပေးခဲ့တာ ဖြစ်ပါတယ်။  ရော်နယ်ဒိုအနေနဲ့ မက်ဆီကို ပြိုင်ဘက်တစ်ဦးအနေနဲ့ သဘောမထားဘဲ ကောင်းမွန်တဲ့ ဆက်ဆံရေးအမြဲတမ်း ထားရှိခဲ့တယ်လို့လည်း ပြောခဲ့ဖူးပါတယ်။  ကစားသမား ၃ ဦး ကို မဲပေးခွင့်ရှိရာမှာ ပြိုင်ဘက် ရော်နယ်ဒိုကို မဲမပေးခဲ့တဲ့ မက်ဆီကို တော့ ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။  မနေ့က ဆွစ်ဇာလန်မှာ ဆုချီးမြှင့်ခဲ့ရာမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ပိုလန် တိုက်စစ်မှူး လီဝန်ဒေါစကီး ရရှိခဲ့တာဖြစ်ပါတယ်။ 
4 months Ago
Up