မဲပြန်ဆွယ်မည်

October 12, 2020

အမေရိကန်သမ္မတ မဲပြန်ဆွယ်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရာနှုန်းပြည့် နေကောင်းပြီလို့ ခံစားရပြီး အောက်တိုဘာ ၁၂ ရက်မှာ ဖလော်ရီဒါပြည်နယ်က မဲဆွယ်ပွဲကို သွားရောက်မယ်လို့ အောက်တိုဘာ ၁၁ ရက်က ပြောလိုက်ပါတယ်။ အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲ နောက်ဆုံးသီတင်းပတ်အတွင်း ကိုယ်စားလှယ်လောင်းတွေ အကြိတ်အနယ် မဲဆွယ်နေကြတာပါ။ “ကျနော့်ကို စမ်းသပ်တာ ကိုရိုနာဗိုင်းရပ်စ် လုံးဝမရှိတော့ဘူး။ ဒါဟာ ကျနော်တို့ နိုင်ကိုနိုင်ရမယ့် ရွေးကောက်ပွဲဖြစ်လို့ မနက်ဖြန် ဖလော်ရီဒါပြည်နယ်မှာ ကျနော် အင်မတန် ကြိုးကြိုးစားစား အလုပ်လုပ်သွားမယ်” လို့ ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ ဘယ်တုန်းက စမ်းသပ်တာလဲ ဆိုတာကို မပြောပါဘူး။ ကနဦး ထင်မြင်ချက် စစ်တမ်းတွေအရ ထရမ့်ရဲ့ ပြိုင်ဘက် ဂျိုးဘိုင်ဒန်ဟာ တနိုင်ငံလုံးအရ မဲ အသာစီး ရနေတာပါ။ ဒါပေမဲ့ တချို့ပြည်နယ်တွေမှာ သီကာပွတ်ကာ မဲအသာရရှိမှုက နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ ရလဒ်ကို ဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်မယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းမှာ ၆ ရက် ဆက်တိုက်အနေနဲ့ တရက်တည်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကို အသစ်ကူးစက်ခံနဲ့ ဆေးရုံတင်ရသူ လူဦးရေ ပျမ်းမျှ ၄၈,၀၀၀ ရှိနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
7 months Ago
Up