မဲပေးသူ

October 3, 2022

ဘရာဇီးရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အနိုင်ရရန် မဲပေးသူများ မျှော်လင့်

ဘရာဇီးနိုင်ငံသားတွေဟာ ရွေးကောက်ပွဲ ပထမအကျော့ကို အောက်တိုဘာ ၂ ရက်မှာ မဲပေးခဲ့ကြပြီး လက်ဝဲဝါဒီ လူးဝစ်အစ်နာစီယိုလူလာဒါဆီလ်ဗာက လက်ယာယိမ်းလက်ရှိသမ္မတ ယဲဘော့စိုနာရိုကို အနိုင်ရဖို့ မျှော်လင့်ထားပါတယ်။

နိုင်ငံရဲ့ မြို့တော် ဘရာစေးလီးယားရဲ့ ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ မဲရုံပိတ်ပြီး နာရီပိုင်းအတွင်း အနိုင်ရရှိသူကို ကြေညာနိုင်မှာပါ။

တကယ်လို့ ကိုယ်စားလှယ်လောင်း တစ်ဦးကမှ မဲအလွတ်နဲ့ ပျက်ကွက်မဲ မပါဘဲ မဲတစ်ဝက် ကျော် အနိုင်မရရင် မဲအများဆုံးရတဲ့ ထိပ်တန်းနောက်ဆုံး နှစ်ဦးဟာ အောက်တိုဘာ ၃၀ ရက် ရွေးကောက်ပွဲမှာ ဆက်ပြီး ယှဉ်ပြိုင်ရမှာဖြစ်ပြီး မဲဆွယ်ကာလလည်း  သက်တမ်း ဆက်ရှည်ဦးမှာ ဖြစ်ပါတယ်။

သဘောထားစစ်တမ်းအများစုကတော့ လူလာ့ အနိုင်ရမယ်လို့ ခန့်မှန်းထားပေမဲ့ ဘော်စိုနာရိုက အရှုံးကို လက်ခံဖို့ငြင်းနိုင်နေလို့ ရွေးကောက်ပွဲအပြီး အကြမ်းဖက်မှုတွေ ဖြစ်လာမှာ စိုးရိမ်နေကြပါတယ်။ 

စစ်တမ်းတွေ အရ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ သမ္မတဖြစ်ခဲ့တဲ့ လူလာကို ၁၀ ရာခိုင်နှုန်း ကနေ ၁၅ ရာခိုင်နှုန်း အထိ ထောက်ခံခဲ့ကြတာပါ။ 

2 months Ago

November 8, 2020

“ဝ”ဒေသ မဲရုံများတွင် မဲပေးသူများပြီး မဲစာရင်းနှင့်ကိုက်ညီမှုမရှိသဖြင့် ပြန်စိစစ်နေရ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် “ဝ” အုပ်ချုပ်မှုနယ်မြေအတွင်းက ဆိုက်ခေါင်ကျေးရွာ မဲရုံ အမှတ် ၂၊ ၃၊  ၄ တို့မှာ မဲလာပေးသူ များပြားပြီး မဲစာရင်းနဲ့လည်း ကိုက်ညီမှုမရှိတာကြောင့် ပြန်လည်စိစစ်နေရတယ်လို့ သိရပါတယ်။ “ဝ” အုပ်ချုပ်မှုနယ်မြေအတွင်း ဆိုက်ခေါင်ကျေးရွာအုပ်စုနဲ့ မိုင်းယွန်းကျေးရွာအုပ်စုတွေရှိ မဲရုံ ၆ ရုံမှာ ဆန္ဒမဲပေးသူ ၁၀,၀၀၀ ကျော်ရှိပြီး မွန်းလွဲ ၂ နာရီအချိန်လောက်အထိ  ဆန္ဒမဲ ၁၀၀၀ လောက်စီသာ မဲပေးနိုင်တယ်လို့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အေးသီတာမြင့်က ပြောပါတယ်။ "ကျန်းမာရေးနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားပေမဲ့ လူအင်အား များပြားနေတာနဲ့ စိစစ်နေရတာတွေကြောင့် ကြန့်ကြာနေရတယ်။ စာရင်းတွေကလည်း ကိုက်ညီမှု သိပ်မရှိဘူး။ ကျမတို့လည်း အသေးစိတ်စောင့်မကြည့်နိုင်ပေမယ့် စလစ်ပါ အမည်၊ အသက်နဲ့ လူကို စိစစ်နေရသေးတယ်။”  မဲစာရင်းပါ အမည်၊ အသက် နဲ့ မဲလာပေးသူတွေ ကိုက်ညီမှု မရှိတာကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ဆန္ဒအရ  စိစစ်နေရတာကြောင့် ကြန့်ကြာမှုတွေ ရှိနေတာလို့ သိရပါတယ်။ စစ်ဒေသ ၁၇၁ ဆက်ဆံရေးမှူး ဦးလော်မိန်းက “ကျနော်တို့လည်း အတတ်နိုင်ဆုံး ထိန်းပေးနေရတာပဲ။ လယ်သိမ်းချိန်ဆိုတော့ မဲအမြန်ပေးပြီး အိမ်ပြန်ချင်နေသူတွေကများတော့ တိုးဝှေ့နေကြတာ၊ ထိန်းသိမ်းရခက်နေတယ်'' လို့ ပြောပါတယ်။ အောင်ဇေယျ
2 years Ago

ရမ်းဗြဲမြို့နယ်တွင် မဲလာပေးသည့် အဘိုးအို ၁ ဦး ရုတ်တရက်လဲကျသေဆုံး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ချေကျေးရွာမှာ နိုဝင်ဘာ ၈ ရက်နေ့ မနက်က အထွေထွေရွေးကောက်ပွဲအတွက် မဲရုံကို မဲလာပေးတဲ့ အသက် ၇၀ ကျော်အရွယ် အဘိုးအို ၁ ဦး ရုတ်တရက်လဲကျသေဆုံးသွားခဲ့တယ်လို့ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဦးခင်ရီ ဒီဗီဘီကို ပြောပါတယ်။ “ရမ်းသစ်ချေကျေးရွာမှာ ဒီနေ့မနက် မဲရုံကို မဲလာပေးတဲ့ အသက် ၇၀ ကျော်လောက်ရှိပြီ။ မဲရုံကိုလာတဲ့အချိန်မှာ မူးလဲကျသွားတယ်၊ ပြီးရင်ဆုံးသွားတယ်လို့ သိရတယ်။ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားတာပေါ့။ သူမှာက သွေးတိုးရှိတယ်လို့တော့ ပြောကြတယ်။ ဆုံးသွားတဲ့သူကတော့ အမျိုးသား ၁ ဦးပေါ့။” အခုလို မဲလာပေးတဲ့သူ ၁ ဦး သေဆုံးသွားတဲ့သတင်းမှာ မှန်ကန်တယ်လို့ ရမ်းဗြဲမြို့နယ် ရွေးးကောက်ပွဲကော်မရှင်ခွဲရုံး ဥက္ကဋ္ဌ ဦးကျင်သောင်းက ပြောပါတယ်။ “ကျနော်တို့ဆီကိုတော့ အဲဒီသတင်းက ရောက်မလာဘူး၊ အထွေထွေအုပ်ချုပ်ရေးရုံးဖက်ကို တော့ သတင်းရောက်တယ်။ ကျနော်တို့ ကော်မရှင်ဘက်ဆီကိုတော့ မဆက်သွယ်သေးဘူး၊ သတင်းအရတော့ မှန်တယ်လို့တော့ ပြောတယ်။” ရမ်းဗြဲမြို့နယ်မှာ မဲပေးနိုင်သူဦးရေ ၈၀၆၅၈ ဦးနဲ့ မဲရုံပေါင်း ၁၇၆ ရုံရှိပါတယ်။ သတင်း - နောင်နောင်
2 years Ago

ဒဂုံ (၁) မဲရုံတွင် မဲပေးသူ များပြား (ဓာတ်ပုံ)

ပြည်လမ်းမပေါ်က ဒဂုံ ၁ မဲရုံမှာ တပ်မဲရုံအပါအဝင် မဲရုံ ၄ ရုံပေါင်းထားတာကြောင့် မဲပေးရမယ့်သူ များပြီး အပြင်မှာ စောင့်ဆိုင်းနေသူတွေလည်း တော်တော်များတာကို တွေ့ရပါတယ်။
2 years Ago
Up