မဲပေး

A d v e r t i s e m e n t With Us

November 8, 2020

စစ်တွေမြို့နယ်က မွတ်ဆလင်ဒုက္ခသည်အချို့ မဲပေး (ဓာတ်ပုံ)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာကျေးရွာအုပ်စု မဲရုံအမှတ်(၁)မှာ  ဒီကနေ့ ၂၀၂၀ ရွေးကောက်ပွဲအတွက်  မွတ်ဆလင်ဒုက္ခသည်တချို့လာရောက်မဲပေးခဲ့ကြပါတယ်။ ဒီမဲရုံမှာ ခေါင်းဒုက္ကာ၊ ဆေးသမား၊ ဥယျာဉ်သာကျေးရွာအုပ်စု‌တွေနဲ့ ဒုက္ခသည်စခန်းတချို့က မွတ်ဆလင်၊ ကမန်၊ ဟိန္ဒူ မဲဆန္ဒရှင် ၂၃၅ ဦးသာ မဲစာရင်းမှာ ပါဝင်ပါတယ်။ ဒီနေရာက ဒုက္ခသည်တွေဟာ ၂၀၁၂ ပဋိပက္ခတုန်းက အိုးအိမ်စွန့်ခွာထွက်ပြေး လာကြသူတွေဖြစ်ပြီး သူတို့ဘဝအခြေအနေတွေကို ကောင်းမွန်အောင်လုပ်ပေးနိုင်မယ့် အစိုးရကို အလိုရှိတာမို့ မဲလာပေးတာလို့ မွတ်ဆလင်ဒုက္ခသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ Photo  - Kaung Mrat Naing / MPA
4 months Ago

မဲရုံပိတ်ချိန်ကျော်သည်အထိ နေပြည်တော်ဝန်ထမ်းရပ်ကွက်၌  မဲပေးရန် လူရာချီစောင့်ဆိုင်းနေ

မဲရုံပိတ်သိမ်းချိန် ကျော်လွန်နေပြီဖြစ်ပေမယ့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ထဲက ဘောဂသိဒ္ဓိရပ်ကွက်မဲရုံမှာ ဆန္ဒမဲပေးဖို့ အတွက် လူရာချီကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ဝန်ထမ်းအများစုရှိတဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၉၀,၀၀၀ ကျော်ရှိပြီး ဘောဂသိဒ္ဓိရပ်ကွက်ထဲက အ.ထ.က (၆) အတွင်းမှာ မဲရုံစုစုပေါင်း ၆ ရုံ ရှိနေပါတယ်။  တစ်ရုံကို ပျမ်းမျှ မဲပေးခွင့်ရှိသူ ၂၀၀၀ ကျော်ရှိရာမှာ မဲရုံပိတ်သိမ်းချိန် ညနေ ၄ နာရီကို ကျော်လွန်ချိန်အထိ မဲရုံတစ်ရုံဆီကို ဆန္ဒမဲပေးဖို့ လူ ၁၀၀၀ လောက် ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။ ဘောဂသိဒ္ဓိရပ်ကွက်မဲရုံ(၁) ရဲ့ ဒုမဲရုံမှူး ဒေါ်သီတာမြင့်က “ အခု ဒီမဲရုံပရဝဏ်အတွင်းမှာရှိနေတဲ့သူအားလုံးကို မဲပေးခွင့်ရ အောင် ဆောင်ရွက်ပေးမှာပါ။ အကုန်လုံး မဲပေးခွင့်ရမှာပါ ” လို့ ပြောပါတယ်။ ဘောဂသိဒ္ဓိရပ်ကွက်က မဲရုံတွေမှာ ဝန်ထမ်းအများစု လာရောက်မဲပေးကြတာဖြစ်ပြီး လူတန်းရှည်နဲ့ စောင့်ဆိုင်းရတာကို စိတ်မရှည်တဲ့အတွက် မဲမပေးဖြစ်တော့ဘဲ ပြန်သွားကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက နေ မဲလာပေးသူတစ်ဦးက “ကိုဗစ်-၁၉  ကြောက်လို့ လူရှင်းလောက်ချိန်ကို မှန်းပြီး လာခဲ့ပေမယ့် အခုဒီမှာကျတော့ အများကြီးဖြစ်နေတယ်။ အဓိကကတော့ မဲပေးသူ အရမ်းများတဲ့အတွက် အခုလို ကြန့်ကြာရတယ်လို့ပဲ ထင်ပါတယ်” လို့ ပြောပါတယ်။ ဇမ္ဗူသီရိမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်ကို အန်အယ်လ်ဒီပါတီ ဦးကျော်ထွေး၊ ကြံ့ခိုင်ရေးပါတီက ဦးဝဏ္ဏမောင်လွင်နဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဒေါက်တာအောင်မျိုးတို့က အဓိက ယှဉ်ပြိုင်တာဖြစ်ပါတယ်။
4 months Ago

သံတွဲခရိုင်၌ မသန်စွမ်းမဲဆန္ဒရှင် ၇၇၈ ဦး မဲလာပေး 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရှိ မြို့နယ် ၃ ခုဖြစ်တဲ့ သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့နယ်တွေမှာ မသန်စွမ်းမဲဆန္ဒရှင်  ၇၇၈  ယောက်မဲပေးခဲ့ကြတယ်လို့ သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးက သိရပါတယ်။ သံတွဲခရိုင် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးအောင်ခင်မြင့်က “ခရိုင်တစ်ခုလုံးမှာ  ၇၇၈ ဦးရှိတယ်။ အသက်ကြီးပိုင်းတွေနဲ သိပ်ပြီးသွားလာရခက်ခဲတဲ့သူတွေဆိုရင်လည်း အိမ်အထိ လိုက်ပြီး မဲပေးခွင့်ရရှိအောင် ဆောင်ရွက်ထားပါတယ်။ အရေအတွက်ကတော့ လျော့မသွားနိုင်ပါဘူး။ အားလုံး မဲထည့်နိုင်အောင် စီမံဆောင်ရွက်ထားပါတယ်” လို့ ပြောပါတယ်။ သံတွဲခရိုင်မှာ မသန်စွမ်းမဲဆန္ဒရှင် ဦးရေ ၇၇၈ ဦးရှိပြီး သံတွဲမြို့နယ်မှာ ၂၇၇ ဦး၊ တောင်ကုတ်မြို့နယ်မှာ ၈ ဦးနဲ့ ဂွမြို့နယ်မှာ ၄၉၃ ဦးရှိကြောင်း သံတွဲခရိုင်ကော်မရှင်ရုံးရဲ့ ကိန်းဂဏန်းတွေအရ သိရှိရပါတယ်။ သံတွဲခရိုင်မှာ မဲရုံပေါင်း ၃၅၄ ရုံဖွင့်လှစ်ပြီး ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ မဲဆန္ဒရှင် ပြည်သူ ၁၇၀,၀၀၀ ကျော်မဲပေးနေကြတယ်လို့ သံတွဲခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်ခင်မြင့်က ဆိုပါတယ်။ “အားလုံးအေးဆေးစွာပဲ မဲပေးနေကြပါတယ်။ မဲရုံအတွင်းစည်း အပြင်စည်းတွေလည်း လုံခြုံဖို့ အပြည့်အဝဆောင်ရွက်ထားပါတယ်”လို့ ပြောပါတယ်။ သံတွဲမြို့နယ်မှာ ၁၉၁ ရုံ၊ တောင်ကုတ်မြို့နယ်မှာ ၂၈ ရုံနဲ့ ဂွမြို့နယ်မှာ ၁၃၅ ရုံဖွင့်လှစ်ထားပြီး မဲဆန္ဒရှင်ပြည်သူ သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှာ ကျား ၂၃,၄၆၈ ဦး၊ မ ၂၆,၈၉၃ ဦးနဲ့ မဲဆန္ဒနယ်အမှတ် (၂) မှာ  ကျား ၂၄,၃၇၄ ဦး၊ မ ၂၆,၁၉၁ ဦး စုစုပေါင်း ၁၀,၀၉၂၆ ဦး မဲပေးခွင့်ရှိပါတယ်။ ဂွမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှာ  ကျား ၁၂,၉၂၁ ဦး၊ မ ၁၄,၁၂၆ ဦး မဲဆန္ဒနယ်အမှတ် (၂) မှာ ကျား ၁၃,၈၉၈ ဦး၊ မ ၁၄,၀၀၇  ဦး စုစုပေါင်း ၅၄,၉၅၂ ဦးရှိပါတယ်။ တောင်ကုတ်မြို့နယ်မှာတော့ မြို့ပေါ်ရပ်ကွက် ၄ ခုနဲ့ မဲဆန္ဒနယ်အမှတ် (၂) မှာသာ ကျင်းပခွင့်ရှိပြီး ကျား ၁၀,၄၁၉ ဦး၊ မ ၁၁,၅၃၃ ဦး စုစုပေါင်း ၂,၁၉၅၂ ဦးရှိကာ တောင်ကုတ်မြို့ရဲ့ မဲဆန္ဒနယ်အမှတ်  (၁) မှာ ရွေးကောက်ပွဲ ကျင်းပခွင့် မရရှိခဲ့ပါဘူး။  သတင်း - လင်းလက်
4 months Ago

စစ်တွေမြို့ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေး (ဓာတ်ပုံ) 

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မဲရုံတွေမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဒေသခံ မဲဆန္ဒရှင် ပြည်သူတွေ ဒီနေ့မနက်က စတင်မဲပေးနေကြပါတယ်။ Photo - Kaung Mrat Naing / MPA
4 months Ago

အောင်မြေသာစံမြို့နယ်၌ တပ်မတော်သားများနှင့် မိသားစုများမဲပေး (ဓာတ်ပုံ) 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကျုံးအနောက်ဘက်ရှိ မဲရုံတွေမှာ  တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေက ဒီနေ့မနက် ၆ နာရီ  မဲရုံစတင်ဖွင့်တာနဲ့ မဲပေးခဲ့ကြတာကို တွေ့ရပါတယ်။ တပ်မတော်သားတွေနဲ့ မိသားစုတွေကလည်း မဲပေးကြမယ့် မဲရုံတွေမှာ မဲပေးပိုင်ခွင့်ရှိသူ ၅၅၀၀ ရှိပါတယ်။  မန္တလေးခရိုင်မှာ တပ်မတော်သားနဲ့ တပ်မတော်သားမိသားစုဝင်တွေ မဲပေးရမယ့် မဲရုံ ၅ ရုံရှိပြီး  တပ်မတော်သားတွေနဲ့ အရပ်သားတွဲပြီး မဲပေးရမယ့် မဲရုံ ၁၃ ရုံရှိပါတယ်။ Photo - Kaung Zaw Hein / MPA
4 months Ago

ကျောက်တံတားမြို့နယ်တွင်  မဲဆန္ဒရှင် ပြည်သူများ မဲစတင်ပေးနေ (ဓာတ်ပုံ)

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ပြည်သူတွေ ဒီကနေ့မနက်က  သက်ဆိုင်ရာ မဲရုံတွေမှာ မဲစတင်ပေးနေကြပါတယ်။  Photo - Ko Ye / MPA
4 months Ago

တောင်ဥက္ကလာပ မဲရုံအမှတ် ၃ တွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး မဲပေး (ဓာတ်ပုံ)

တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက် မဲရုံအမှတ် ၃ မှာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး မဲပေးဖို့ လာရောက်တန်းစီနေပါတယ်။  ဦးကိုကိုကြီးဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သလို ပြည်သူ့ပါတီဥက္ကဋ္ဌအဖြစ် လက်ရှိတာဝန်ယူဆောင်ရွက်နေပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဥ်ပြိုင်နေတာပါ။  ပြည့်သူပါတီအနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်လောင်း ၁၅၀ ကျော် ဝင်ရောက်ယှဥ်ပြိုင်​နေတာ ဖြစ်ပါတယ်။
4 months Ago

ရေးမြို့တွင် မဲဆန္ဒရှင် ထောင်ချီ မဲပေး (ဓာတ်ပုံ)

၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ ရေးမြို့၊ ရန်မျိုးအောင် ရပ်ကွက်မဲရုံမှာ နိုဝင်ဘာ ၈ ရက်နေ့ မနက်က မဲဆန္ဒရှင်တွေ ဆန္ဒမဲပေးနေကြပါတယ်။ ထောင်နဲ့ချီတဲ့ မဲဆန္ဒရှင်တွေဟာ မဲရုံမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များနဲ့အညီ လာရောက်မဲပေးနေကြပါတယ်။ ရေးမြို့နယ်မှာ မဲရုံပေါင်း ၁၃၀ ရုံနဲ့ ဆန္ဒမဲပေးခွင့်ရှိသူ  ၂၃ဝဝဝဝ ခန့်ရှိပြီး နိုင်ငံရေးပါတီ ၆ ပါတီမှ ကိုယ်စားလှယ်လောင်း ၄၃ ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ အခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရေးမြို့နယ်က မဲပေးကြသူတွေဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် မဲပေးသူ ၆၀,၀၀၀ လောက် ပိုမိုများတယ်လို့  မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ ဆန္ဒမဲပေးသူတွေ စိတ်အေးချမ်းမြေ့စွာပေးနိုင်ဖို့ မဲရုံတွေတိုင်းမှာ လုံခြုံရေးကိုလည်း ရဲနဲ့ စေတနာ့ဝန်ထမ်းတွေက တာဝန်ယူထားတယ်လို့ ဆိုပါတယ်။ သတင်း၊ ဓာတ်ပုံ - နေမျိုးထွဋ်
4 months Ago

မှော်ဘီမြို့နယ်တွင် ပြည်သူနှင့်တပ်မတော်သား မဲဆန္ဒရှင်များ မဲပေးမှု မြင်ကွင်း (ဓာတ်ပုံ)

ဒီကနေ့ ၂၀၂၀ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲမှာ ရန်ကုန်တိုင်း​ဒေသကြီး၊ ​မှော်ဘီမြို့နယ် မဲဆန္ဒရှင်ပြည်သူ​တွေနဲ့ တပ်မ​တော်သား မဲဆန္ဒရှင် မိသားစု၀င်​တွေ မဲ​ပေး​နေကြတာ ဖြစ်ပါတယ်။  ရန်ကုန်တိုင်း၊ ​မှော်ဘီမြို့နယ်မှာ တပ်ရင်းတပ်ဖွဲ့ အများဆုံးတည်ရှိပြီး တပ်မ​တော်သား မဲဆန္ဒရှင်​တွေ အများဆုံး ဖြစ်ပါတယ်။ ​ မှော်ဘီမြို့နယ်မှာ ရပ်ကွက်​ကျေးရွာအုပ်စု ၄၃ အုပ်စု၊ မဲရုံ​ပေါင်း ၁၇၅ ရုံရှိပြီး မဲ​ပေးသူဦး​ရေ ၁၈၀,၀၀၀ ​ကျော်ရှိပါတယ်။ ဓာတ်ပုံ - နေလင်းအောင်
4 months Ago

လှိုင်သာယာ အမှတ်-၈ ရပ်ကွက်မဲရုံ မဲပေးမှုမြင်ကွင်း (ဓာတ်ပုံ)

၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံတဝန်း ဒီနေ့ စတင်မဲပေးနေကြရာမှာ ရန်ကုန်တိုင်း၊  လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်က အမှတ် ၈ ရပ်ကွက်မဲရုံမှာ ဒီနေ့မနက်အစောပိုင်းကတည်းက မဲဆန္ဒရှင်တွေ စတင်မဲပေးနေကြပါတယ်။  မဲပေးသူတွေများတာကြောင့် တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာ ရှိမနေပေမဲ့ ကိုဗစ်-၁၉ အကာအကွယ်အတွက် mask တွေ လူတိုင်း တပ်ဆင်ထားတာတွေ့ရပြီး မဲရုံအတွင်းမှာလည်း လက်ဆေး၊ အပူချိန်တိုင်းတာပြီးမှ ဝင်ခွင့်ပြုပါတယ်။
4 months Ago

မြေနီကုန်း (မြောက်) ရပ်ကွက်က မဲရုံများ မြင်ကွင်း (ဓာတ်ပုံ)

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် မြေနီကုန်း (မြောက်) ရပ်ကွက်မှာရှိတဲ့ မဲရုံအမှတ် ၁/၂/၃/၄ တွေမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးဖို့ မနက် ၅ နာရီကတည်းက တန်းစီစောင့်ဆိုင်းခဲ့ကြပြီး မဲပေးနေကြပါတယ်။ ဓာတ်ပုံ - မျိုးဇော်လင်း
4 months Ago

မဲပေးရန် စောင့်ဆိုင်းနေသည့် ပုဇွန်တောင်မြို့နယ်က မဲဆန္ဒရှင်များ (ဓာတ်ပုံ)

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်က မဲရုံတွေမှာ မဲရုံမဖွင့်ခင်ကတည်းက မဲပေးဖို့ လာရောက်စောင့်ဆိုင်းခဲ့ကြပြီး မဲစတင်ပေးနေကြပါတယ်။ ပုဇွန်တောင်မြို့နယ်မှာ မဲရုံပေါင်း ၂၆ ရုံရှိပြီး မဲပေးခွင့်ရှိသူ ၃၅၈၇၁ ယောက်ရှိတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ခင်ငြိမ်းချမ်း
4 months Ago

လွိုင်ကော်မြို့နယ် မဲပေးမှု မြင်ကွင်းများ (ဓာတ်ပုံ)

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကယားပြည်နယ် လွိုင်ကော်မြို့နယ်က မဲရုံတွေမှာ ဒီနေ့မနက် မဲဆန္ဒရှင်တွေ မဲစတင်ပေးနေကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။
4 months Ago

မရမ်းကုန်းမြို့နယ် မဲရုံများ၌ မဲပေးမှု မြင်ကွင်း (ဓာတ်ပုံ)

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်အမှတ် (၂) ရပ်ကွက်က ယာယီ မဲရုံတွေကို ဒီနေ့မနက် ၆ နာရီ စတင်ဖွင့်လှစ်ခဲ့ပြီး မဲဆန္ဒရှင် မဲစတင်ပေးနေကြပြီ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ မဲပေးခွင့်ရှိတဲ့မဲဆန္ဒရှင် ၁၅၈၀၀၀ က မဲရုံ ၁၂၁ ရုံမှာ မဲပေးသွားကြမှာဖြစ်ပါတယ်။  မဲရုံတွေမှာ မဲလာပေးတဲ့သူတွေအတွက် အပူချိန်တိုင်းတာတာတွေနဲ့ နှာခေါင်းစေး Face Shield တွေကိုလည်း ဝေငှ ပေးနေပါတယ်။  မရမ်းကုန်းမြို့နယ်မှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲထက်မဲဆန္ဒရှင် ၁၅၀၀၀ ပိုများလာတဲ့အတွက် မဲရုံတွေ တိုးချဲ့ပြင်ဆင်ထားပါတယ်။  မရမ်းကုန်း မြို့နယ်မှာ ကြိုတင် ဆန္ဒမဲပေးထားသူ ၂ သောင်းကျော်ရှိပါတယ်။ မရမ်းကုန်းမြို့နယ်က မဲရုံ တစ်ချို့မှာ မနက် မဲရုံမဖွင့်မီ အချိန်ကတည်းက လူဦးရေ ရာချီ မဲလာပေးဖို့ စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ဆုဆုသွယ်
4 months Ago
More News
Up