မဲဇလီကုန်း ဆရာဝန်

February 13, 2021

ဖမ်းဆီးထိန်းသိမ်းထားသည့် မဲဇလီကုန်း ဆရာဝန်ကို ပြန်လွှတ်ပေးရန် ဆက်လက်ဆန္ဒပြ

CDM လုပ်ရှားမှုမှာ တက်ကြွစွာပါဝင်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ မဲဇလီကုန်းမြို့က ဆရာဝန်ကို ပြန်လွှတ်ပေးဖို့ ဒုတိယမြောက်နေ့အဖြစ် ဒေသခံတွေ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ 

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ပြည်သူ့ဆေးရုံက ဆရာဝန်ဒေါက်တာ ပြည့်ဖြိုးနိုင်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ ဇနီးဖြစ်သူက ပြောပါတယ်။

ဆရာဝန်ရဲ့ဇနီးက “ကျမတို့ ရှေ့နေငှားထားတယ်၊ စခန်းမှူးကို ကျမနဲ့ ကျမရှေ့နေက တွေ့ခွင့်တောင်းတယ်။ တာဝန်ကျရဲတပ်ဖွဲ့က တွေ့ခွင့်မပေးနိုင်ဘူး ပြောတယ်။ ခုဘယ်မှာ ထားတယ်ဆိုတာကို တိတိကျကျ ရေရေလည်လည် မပြောနိုင်ဘူး ဖြစ်နေတယ်။ ဒီကိစ္စကို ဝိုင်းဝန်းကူညီကြပါဦး” လို့ ဒီဗွီဘီကိုပြောပါတယ်။

ဆရာဝန်ကို မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ပြီး သဘာဝစီမံခန့်ခွဲမူဥပဒေ (၂၅) နဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။

ဆရာဝန်လွတ်မြောက်ရေးနဲ့ အာဏာရှင်ကျဆုံးရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၊ တရားရုံး၊ ဥပဒေရုံးတို့အနီးမှာ လူအင်းအား ၆၀၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်မူကို ညနေပိုင်းအထိ ပြုလုပ်မှာဖြစ်ပြီး သံဃာတော် အချို့လည်း ပါဝင်လာကြတယ်လို့ သိရပါတယ်။

2 years Ago
Up