မဲဇလီကုန်း

February 18, 2021

ဖမ်းဆီးခံမဲဇလီကုန်း ဆရာဝန်နှင့် အဆက်သွယ်မရ၊ ပြန်လွှတ်ပေးရန် အင်အား ၅၀၀၀ ကျော် ဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့က အဖမ်းခံထားရတဲ့ ဆရာဝန်ကို ၇ ရက်မြောက်ရှိနေပေမဲ့ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

မဲဇလီကုန်းမြို့၊ ပြည်သူ့ဆေးရုံက ဆရာဝန်ကို ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့ကနေအိမ်မှာ လူနာကို ဆေးကုသနေစဉ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ဖမ်းဆီးသွားချိန်ကစပြီး ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဆရာဝန်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

မဲဇလီကုန်းမြို့ ဖမ်းဆီးသွားတဲ့ဆရာဝန်ကို ပြန်လွှတ်ပေးဖို့ ဒီကနေ့မနက်  လူအင်အား ၅၀၀၀ ကျော် အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ထွေအုပ်ရုံးတို့အနီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေ လုံခြုံရေးစည်းနဲ့ ၁၅ ပေက ပြသဖို့၊ ဖမ်းဆီးထားတဲ့ ဆရာဝန်ကို သူတို့လည်း ဘယ်မှာဖမ်းဆီးထားတယ် မပြောနိုင်ကြောင်းနဲ့ ၁၂ နာရီကျော်ပါက လူစုခွဲပေးဖို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့တယ်လို့ ဆန္ဒပြဦးဆောင်သူတစ်ဦးက ပြောပါတယ်။

ဆရာဝန်ကို ဘယ်မှာထားတယ်၊ ဘယ်ဥပဒေနဲ့ တရားစွဲဆိုထားတယ်ဆိုတာကို မြို့နယ်တာဝန်ရှိသူတွေ့က တစုံတရာ ပြောဆိုခြင်းမရှိသေးပါဘူး။

2 months Ago

May 17, 2020

မဲဇလီကုန်းတွင် ယာဉ်တိုက်မှုကြောင့် ၁ ဦး သေဆုံး၊ ထွက်ပြေးယာဉ်မောင်းကို ဖမ်းမိ

ဧရာဝတီတိုင်းဒေသကြီး၊ မဲဇလီကုန်းမြို့ ပြည်သူဆေးရုံကွေ့မှာ မေ ၁၇ ရက် နေ့လယ်က ဆိုင်ကယ်နဲ့ ကားတိုက်မှု ဖြစ်ပြီး ဆိုင်ကယ်မောင်းသူ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့  မဲဇလီကုန်း နယ်မြေရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ်အောင်ကျော်မိုးက ပြောပါတယ်။ “ကားသမား တိုက်ပြီး မောင်းပြေးလို့ လိုက်ဖမ်းတယ်။အခု တရားခံကို မိပါပြီ။ သေဆုံးသူက မဲဇလီကုန်း စံပြရပ်ကွက်ထဲက ဖြစ်ပါတယ်။ ကားသမားကတော့ တလုတ္ထော်မြို့ကလို့ သိရတယ်။ အခု ရဲလုပ်ငန်းတွေ လုပ်နေပါတယ်။ အမှုကတော့ ယာဉ်မောင်းကြောင့် ပေါ့ဆမှုနဲ့ လူသေမှု ၃၀၄ (က) နဲ့ အကြမ်းဖွင့်ထားပါတယ်။ ဖြစ်စဉ်ကို အသေးစိတ်သိဖို့ ရဲလုပ်ရမယ့် တာဝန်တွေ လုပ်ဆောင်နေပါတယ်။” ကားက ဟိုင်းလပ်အမျိုးအစား ခဲရောင်ဖြစ်ပြီး ကားမှာ အနည်းငယ်ပွန်းပဲ့ရုံပဲ ရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မဲဇလီကုန်း ပြည်သူ့ဆေးရုံရှေ့မှာ အခုလို မကြာခဏ ယာဉ်တိုက်မှုဖြစ်ပြီး လူသေဆုံးမှုတွေလည်း ဖြစ်လေ့ရှိပါတယ်။ သန်းထိုက်မြင့်
11 months Ago
Up