ကမ္ဘာကျော် ပေါ့ဂီတ အဆိုတော် လေဒီဂါဂါဟာ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စီတန်းလှည့်လည်ပွဲမှာ နိုဝင်ဘာ ၂ ရက်က လာရောက်ခဲ့ပါတယ်။
“ရှင်တို့ဘဝက မဲပေါ်မှာ မူတည်နေတယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ မဲပေးပါ”လို့ ဘိုင်ဒင်ကို ထောက်ခံသူတွေကို ဂါဂါက ဆော်သြခဲ့တာပါ။
“နားထောင်နေတဲ့ လူအားလုံးကို ကျမ သတိပေးချင်တယ်၊ ဒါကြီး ပင်ဆယ်ဗေးနီးယားကို ရောက်လာကောင်း ရောက်လာနိုင်တယ်ဆိုတာ ကျမတို့ အားလုံး သိတယ်။ ကျမတို့ ရှင်တို့ကို လိုအပ်တယ်”လို့ ဂါဂါက ပြောပါတယ်။
အသက် ၇၇ နှစ် အရွယ် ဘိုင်ဒင်ကတော့ ၂၀၁၆ တုန်းက ထရမ့် မဲနိုင်ခဲ့တဲ့ ပြည်နယ်တွေ အားလုံးနီးပါးကိုသွားခဲ့ပြီး မဲဆွယ်ခဲ့တာပါ။
အသက် ၇၄ နှစ်အရွယ် ထရမ့်ကတော့ ပြန်ရွေးကောက်ခံရင်း ရှုံးတဲ့ ပထမဆုံး သမ္မတ မဖြစ်စေရေး ရှောင်ဖို့ ကြိုးစားနေပါတယ်။
နိုင်ငံလုံးဆိုင်ရာ ထင်မြင်ချက် စစ်တမ်းတွေမှာ ဘိုင်ဒင်က ဦးဆောင်နေပေမယ့် မဲ အကြိတ်အနယ်ရှိနေတဲ့ ပြည်နယ်တွေမှာ ထရမ့်ဟာ ပွတ်ကာသီကာ နိုင်သွားနိုင်ပြီး အစိုးရဖွဲ့လိုတဲ့ မဲအရေအတွက်ကို ရနိုင်ခြေရှိနေတယ်လို့ အချက်အလက်တွေကို သုံးသပ်ပြီး ရိုက်တာ သတင်းဌာနက ခန့်မှန်းပါတယ်။
ထရမ့်ကတော့ စာတိုက်ကနေတဆင့် မဲပေးတဲ့ စာတိုက်မဲတွေကို ဆက်လက်တိုက်ခိုက်နေပြီး ရွေးကောက်ပွဲ ပြီးတဲ့တိုင်အောင် စာတိုက်မဲတွေကို ဆက်ပြီး ပြည်နယ်တွေမှာ ရေတွက်နေဦးမယ်ဆိုရင် တရားရင်ဆိုင်ဖို့ ရှေ့နေငှားမယ်လို့ ပြောခဲ့ပါတယ်။
2 years Ago