မဲဆွယ်စည်းရုံးရေး စတင်

September 11, 2020

မန္တလေးတိုင်းတွင် ပြည်သူ့ပါတီ မဲဆွယ်စည်းရုံးရေး စတင် (ဓာတ်ပုံ)

မန္တလေးတိုင်းမှာ ပြည်သူ့ပါတီ မဲဆွယ်စည်းရုံးရေးကို‌ စက်တင်ဘာ ၁၀ ရက်နေ့က စတင်ပြုလုပ်ခဲ့ပါတယ်။ ပြည်သူ့ပါတီဟာ မန္တလေးမြို့ရှိ မြို့နယ်တွေဖြစ်တဲ့ ပြည်ကြီးတံခွန်‌၊ အောင်မြေသာဇံနဲ့ ချမ်းအေးသာဇံ မြို့နယ်တွေမှာ မနေ့က မဲဆွယ်စည်းရုံးရေး ပြုလုပ်နေတာလို့ သိရပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ စက်တင်ဘာ ၈ ရက်နေ့ကစတင်ကာ ရက်ပေါင်း (၆၀) မဲဆွယ် စည်းရုံးခွင့်ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။ မဲဆွယ်စည်းရုံးခွင့်ရှိပေမဲ့ ကိုဗစ်-၁၉ ကာလဖြစ်တာကြောင့် ကျန်းမားရေး နဲ့အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း လူ ၅၀ ထက်ပိုမပြုလုပ်ရကြောင်း ကြေညာထားပါတယ်။ Photo-Kaung Zaw Hein/ MPA
1 year Ago
Up