မဲဆွယ်စည်းရုံးမှု

A d v e r t i s e m e n t With Us

November 2, 2015

မဲဆွယ်စည်းရုံးမှုများ နိုဝင်ဘာ ၆ ရက် ညသန်းခေါင် ရပ်နားရန် ထပ်မံသတိပေး

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံး စုဝေးဟောပြောမှုတွေကို လာမယ့် နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအချိန် ရပ်နားရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထပ်မံ သတိပေး ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ အောင်မြင်စေဖို့နဲ့ မဲဆန္ဒရှင်ပြည်သူတွေ ဆန္ဒမဲပေးရမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းကို အေးချမ်းစွာ စဉ်းစားဆုံးဖြတ်နိုင်ဖို့ ၆.၁၁.၂၀၁၅ ရက်နေ့ ည ၁၂:၀၀ နာရီအချိန်မှ ၈.၁၁.၂၀၁၅ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပပြီးသည်အထိ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားရမယ်လို့ ကော်မရှင်က နိုဝင်ဘာ ၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ မဲဆွယ်စည်းရုံး ကြော်ငြာ၊ ပိုစတာတွေကိုလည်း နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီ နောက်ဆုံးထား ဖြုတ်သိမ်းပေးဖို့နဲ့ ဖြုတ်သိမ်းထားခြင်းမရှိရင် မြို့နယ်စည်ပင်သာယာရေးနဲ့ ညှိနှိုင်းပြီး ဖြုတ်သိမ်းသွားမှာဖြစ်လို့ ကုန်ကျစရိတ် ကျသင့်ငွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းက ပေးရန် တာဝန်ရှိမယ်လို့လည်း ဆိုပါတယ်။ နိုဝင်ဘာ ၈ ရက် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးခွင့် ကာလကို စက်တင်ဘာ ၈ ရက်နေ့ မနက် ၆ နာရီကနေ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။
5 years Ago

October 27, 2015

မဲဆွယ်စည်းရုံးမှုအတွင်း ထိပ်တိုက်ပဋိပက္ခများသတိထားရန် ရွေးကောက်ပွဲကော်မရှင် တိုက်တွန်း

မဲဆွယ်စည်းရုံးမှုတွေအတွင်း ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်လာနိုင်တာမျိုးတွေကို သတိထားကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၂၆ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲစည်းရုံးဟောပြောမှုတွေကို ဥပဒေနှင့်အညီစည်းရုံးဟောပြောကြဖို့ တိုက်တွန်း ထားပါတယ်။ မဲဆွယ်စည်းရုံးဟောပြောပွဲတွေ အရှိန်ဟုန်မြင့်တက်လာပြီး ပဋိပက္ခဖြစ်နိုင်မယ့် အခြေအနေ ဦးတည်သွားနိုင်တာကိုလည်း သတင်းထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ ဒါကြောင့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ ပါတီတွေအနေနဲ့ မိမိတို့ရဲ့ပါတီဝင်တွေနဲ့ ထောက်ခံသူတွေကို မလိုလားအပ်တဲ့ ဖြစ်စဉ်တွေမဖြစ်ပွားဖို့ ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းဖို့ တိုက်တွန်းထားပါတယ်။
5 years Ago
Up