မဲဆောက်ရဲစခန်း

A d v e r t i s e m e n t With Us

April 9, 2020

ဘတ်ငွေ ၁၆ သန်းခွဲပျောက်ဆုံးမှုဖြင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် မဲဆောက်ရဲစခန်း၌ အမှုဖွင့် 

ကရင်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့  ဦးကျော်ဟိန်းဟာ ဘတ်ငွေ သန်းနဲ့ချီတဲ့ လုပ်ငန်းသုံးငွေတွေပျောက်ဆုံးမှုနဲ့ ထိုင်းနိုင်ငံ တာခ်ခရိုင်၊  မဲဆောက်မြို့မရဲစခန်းမှာ ဧပြီ ၈ ရက်က အမှုဖွင့် တိုင်ကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ မြဝတီမြို့ဘက်မှ မဲဆောက်မြို့ဘက်ကို ဓာတ်ဆီဖိုး ငွေလွှဲပေးဖို့အတွက်  ဦးကျော်ဟိန်းရဲ့ ဝန်ထမ်း ၂ ဦးက ကားတစီးနဲ့တင်ပြီး ယူဆောင်လာတဲ့ ဘတ်ငွေ ၁၆သန်းခွဲကို  ဧပြီလ ၇ ရက်နေ့မှာ အဝေးပြေး ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိလို့ ခေါ်ယူစစ်ဆေး ထိန်းသိမ်းခဲ့ပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး ဧပြီ ၈ ရက်အထိ မဲဆောက်မြို့မရဲစခန်းကို လာရောက်တိုင်ကြားခြင်း အမှုအပ်နှံခြင်းမရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင် ငွေရှင်ဖြစ်တဲ့ ဦးကျော်ဟိန်းက ငွေတွေရော လူနဲ့ ကားပါပျောက်ဆုံးမှုနဲ့ မဲဆောက်ရဲစခန်းမှာ  လာရောက်အမှုဖွင့် တိုက်ကြားလိုက်တာ ဖြစ်ပါတယ်။ မြန်မာနဲ့ထိုင်းနိုင်ငံဟာ စီးပွားရေးလုပ်ဖေါ်ကိုင်ဘက်တွေဖြစ်တဲ့အတွက် အခုလို ဖမ်းဆီးတဲ့ လုပ်ရပ်မျိုးကို နှစ်နိုင်ငံချစ်ကြည်ရေး ဒေသဖွံ့ဖြိုးရေးနဲ့ အမျိုးသားအရေးကိုလည်း ထိခိုက်နိုင်တယ်လို့ မြန်မာနိုင်ငံအခြေစိုက် ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ နိုင်အနိုင်းကရစ်  ဖုဝိထူးစဒေ့က ပြောပါတယ်။ “တရားဝင်လုပ်ငန်းကတော့ မြန်မာဘက်မြဝတီမှာလုပ်တာဖြစ်တယ်။ ဦးကျော်ဟိန်းက ဓာတ်ဆီ လက်ကျန်ငွေလွဲပေးဖို့ ယူလာတာဖြစ်တယ်။ ထိုင်းကုမ္ပဏီကို လွှဲပေးမယ့် ငွေဖြစ်တယ်။  ဒါကတော့ နယ်မြေရဲ့လုပ်ထုံးလုပ်နည်းပါဘဲ။ နယ်စပ်ဖြစ်စေ နှစ်နိုင်ငံစီးပွားရေးစျေးကွက်ဖြစ်စေ နှစ်နိုင်ငံရဲ့ အကျိုးကိုပျက်စီးနိုင်တယ်။ ဒါမလုပ်သင့်ဘူး။” မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံဘက်ကို ငွေ၊ ရွှေ  အမြောက်အများ သယ်ယူလာပါက ထိုင်းအကောက်ခွန်ဦးစီးဌာနကို ကြောင်းကြားရမှာဖြစ်တယ်၊ အကြောင်းမကြားဘဲ သယ်ဆောင်လာလို့ စစ်ဆေးတွေ့ပါက ထိုင်းဥပဒေအရ အရေးယူတာနဲ့ ဒဏ်ငွေရိုက်တာတွေ လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ တရားဝင် ယူဆောင်လာတဲ့ ငွေတွေကို မကြာခဏဆိုသလို ဖမ်းဆီးမှုတွေရှိပြီး ဖမ်းဆီးခံထားရတဲ့ တရားမဝင် ငွေကြေးနဲ့ ကုန်ပစ္စည်းတွေကိုတော့ ထိုင်းနိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းတာလည်းရှိပါတယ်။ အမှုလိုက် ထိုင်းရှေ့နေ နိုင်းချိုင်းဒေ့အနန်းတချိုင်းကတော့ “ စစ်ဆေးတွေ့ရှိရာမှာ တရားမဝင်တာရှိခဲ့ရင် နယ်မြေရဲတပ်ဖွဲ့ကို အမှုအပ်နှံရမှာဖြစ်တယ်။  လက်ရှိမှာ အမှုရော လူပါပျောက်နေတဲ့အတွက် ဆွေးနွေးမှု မရတဲ့အပြင် ဘယ်မှာရှိနေမှန်း မသိတာကပိုခက်နေတယ်။” လို့ ပြောပါတယ်။  ငွေသည်ဆောင်လာတဲ့ မြန်မာအမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦးတို့မှာ ပတ်စ်ပို့ ရှိကြပေမယ့်လည်း ထိုင်းနိုင်ငံကို ငွေပမာဏ အမြောက်အများ သယ်ဆောင်ဖို့ အကောက်ခွန်ဌာနရဲ့ ခွင့်ပြုချက်စာ မပါတာနဲ့ ငွေပိုင်ဆိုင်မှု အထောက်အထားသက်သေတစုံတရာလည်း မပြသနိုင်တာ ကြောင့် မဲဆောက် ရဲတပ်ဖွဲ့က သူတို့ ၂ ဦးကို ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ထံ အပ်နှံဖို့ ဘန်ကောက်ကို ဆက်လက်ပို့ဆောင်လိုက်တယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။  ဖိုးစီ
11 months Ago
Up